ယာဉ်ကြော ပိတ်ဆို့မှုများကို
ဖြေရှင်းနိုင်ရန် မြေနီကုန်း ခုံးကျော် တံတား တည်ဆောက်မှုအတွက် ငွေကျပ် ၁၆ ဒသမ ၉၂ ဘီလီယံ
သုံးစွဲမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း
ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် ခုံးကျော်တံတားများ တည်ဆောက်လျက် ရှိရာ၂ဝ၁၄-၂ဝ၁၅
ဘဏ္ဍာရေးနှစ်အထူးစီမံကိန်းလုပ်ငန်းအနေဖြင့် မြေနီကုန်းခုံးကျော် တံတား တည်ဆောက်မည်ဖြစ်ပြီး
ယင်းအတွက် ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလီယံသုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
အဋ္ဌမပုံမှန် အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က
ပြောကြားသည်။
အဆိုပါ
မြေနီကုန်း ခုံးကျော်တံတားကို စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံနှင့် အနီးပတ်ဝန်းကျင်၌
ယာဉ်ကြောပိတ်ဆို့မှု များဆိုးရွားလာခြင်းကြောင့် တည်ဆောက်ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေ သကြီးဒေသန္တရ စီမံကိန်းဥပဒေကြမ်းတွင် ဆောက်လုပ်ရေးကဏ္ဍအနေဖြင့်
ဘုရင့်နောင်တံတားအပြီး တည်ဆောက်မှုအပြင် မြေနီကုန်းခုံးကျော်တံတားကိုလည်း တည်ဆောက်ရန်
လျာထား ခဲ့ကြောင်း သိရသည်။
ထို့အပြင်
အဆိုပါအထူးစီမံကိန်းတွင်ဒေါပုံမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ဆက်သွယ်သည့် ငမိုး ရိပ်
ချောင်း ကူး တံတား အတွက်လည်း ငွေကျပ် ၉ ဒသမ ၂၈၂ ဘီလီယံသုံးစွဲရန်လျာထားကြောင်း၊ အလား တူ
ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့ဆက်သွယ်သည့် ငမိုးရိပ်သံပေါင် တံတားပြုပြင်ခြင်း၊
ထန်းတပင် မြို့နယ်တွင် ကုက္ကိုဝမြစ်ကူးတံတား တည်ဆောက်ခြင်း၊ သန်လျင်-သီလဝါ လမ်းမကြီး၊
သန်လျင်-သီလဝါ- ဒဂုံဆိပ်ကမ်းလမ်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ငမိုးရိပ်ချောင်း တံတား(ရွှေပေါက္ကံ)
စသည်တို့ကိုလည်း တည်ဆောက်ရန် လျာထားကြောင်းသိရသည်။
မော်တော်ယာဉ်
တင်သွင်းခွင့်နှင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုများကြောင့် ရန်ကုန်မြို့ အတွင်း မော်တော် ယာဉ်
အစီးရေ တိုးပွားလာသည်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ဖြစ်ပေါ် လျက်ရှိရာ ခုံးကျော် တံတား များ
တည်ဆောက်ခြင်းနှင့် လမ်းချဲ့ထွင်ခြင်းများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment