Tuesday, April 29, 2014


Thailand Week Bizmatch Fair ဆွေးနွေး ပွဲနှင့် ကုန်ပစ္စည်း ပြပွဲ ကျင်းပမည်
ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ အပြည်ပြည်ဆိုင်ရာ စီးပွား မြှင့်တင်မှု ဌာန (DITP) မှ ကြီးမှူး ကျင်းပမည့် Thailand Week Bizmatch Fair ကို ဧပြီ ၃ဝ ရက်တွင် Park Royal Hotel၌ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံ လုပ်ငန်းရှင်များ အနာဂတ်တွင် အကျိုးတ ပူးပေါင်းဆောင်ရွက် နိုင်ရန် အတွက် အဆိုပါ စီးပွားရေး ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်မာနှင့် စက်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာများ၊ အဝတ်အစား၊ အထည် အလိပ်နှင့် ဖက်ရှင် အသုံး အဆောင်များ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာများ၊ လက်ဆောင်နှင့် အလှဆင်ပစ္စည်း အမျိုးမျိုး၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပစ္စည်းများ၊ ဆံကေသာ အလှဆင်မှုနှင့် အလှကုန် ပစ္စည်းများ၊ ဟိုတယ်၊ ဆေးရုံနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ၊ အိမ်အသုံးအဆောင်နှင့် မီးဖိုချောင်သုံး ပစ္စည်းများ စသည့် လုပ်ငန်းများ ပါဝင် ပြသသွားမည် ဖြစ်သည်။
အဆိုပါ ပြပွဲသို့ ထိုင်းကုမ္ပဏီပေါင်း ၄ဝ ခန့် ပါဝင်ပြသမည်ဖြစ်ပြီး စိတ်ပါ ဝင်စားသော မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနေဖြင့် ITF (Yangon)Co., Ltd. ဖုန်း-ဝ၁-၃၉၂၅၇၉၊ www.biaz.match. myanmar. comသို့ ကြိုတင် စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top