Tuesday, April 1, 2014


ဧပြီ ၂၇ မှာ ထွက်ရှိမယ့် Reason ရဲ့စီးရီးသစ်
 

Reason အဖွဲ့ရဲ့ ဒုတိယ အယ်လ်ဘမ် အသစ်ကို ဧပြီ ၂၇ ရက် နေ့မှာ ထွက်ရှိတော့ မှာ ဖြစ်တယ်လို့ Reason ရဲ့အဆိုတော် အောင်လ က ပြောပါတယ်။


 ”အစက ဒီလ ၂၇ ထွက်ဖို့။Billboard မရတာနဲ့၊ ပြီးတော့ သင်္ကြန်က လည်းခံသွားလို့ ဧပြီ ၂၇ လုပ်လိုက်တာ။ ကြားထဲမှာ ကြာနေတာက သီချင်းက ကြာ၊ Mixing က ကြာ၊ ဒီဇိုင်းက ကြာနဲ့ တစ်ခုချင်းစီ ကြာနေတာနဲ့ အခုမှ ထွက်ဖြစ်သွား တာ။ ဒီထဲမှာ ဖော်ကာနဲ့ တွတ်ပီနဲ့ အပုဒ် မပါတော့ဘူး။ ကိုမျိုးကြီးနဲ့ အပုဒ်ရယ်၊ ကိုကျားပေါက် နဲ့အပုဒ် ရယ်ပါမယ်။ သီချင်းတွေကတော့ အရင်လို တအား အေးတာတွေ သိပ်ပါမှာ မဟုတ်တော့ဘူးဓ လို့ သူတို့ရဲ့ စီးရီးသစ်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ပင်လယ်ထဲ ကမြစ်များ လို့ပေးထားတဲ့ Reason ရဲ့ အခွေ သစ်ထဲ မှာတော့ သီချင်း ကြမ်းကြမ်းတွေ ပိုများ မှာဖြစ်ပြီးသီချင်း တအားနုတာ မျိုးတွေ သိပ်မပါတော့ဘူး လို့လည်း အောင်လက ပြောပါတယ်။ အောင်လက ဒီနှစ် သင်္ကြန်မှာတော့ S.I.R အဖွဲ့ နဲ့အတူ မန္တလေး High Class မဏ္ဍပ်မှာ ရှိမှာဖြစ်ပြီး သင်္ကြန် ဆိုရင် ငယ်ငယ်တုန်း ကရေပက် တဲ့ ဘဝမျိုးကို ပိုပြီးနှစ် သက်တယ်လို့ လည်းပြောပါတယ်။ “ငယ်ငယ်ကလို ရေပြွတ်နဲ့ ရေလိုက်ပက်ရတဲ့ ဖီလင်ကို ကြိုက်တယ်။ ကြီးလာတော့ သင်္ကြန် ဆိုရင် သိပ်ပြီး အပြင် မထွက်ချင်ဘူး။ နားအေးပါး အေး ရှိတဲ့နေရာမျိုး မှာ သွားနေချင်တာ ပဲများတယ်။ သီချင်း ဆိုတဲ့နှစ်က လွဲလို့ပေါ့” လို့ပြောတဲ့ အောင်လက သင်္ကြန် သီချင်း ဆိုဖြစ်နေတာ က အခုဆိုရင် ခုနစ်နှစ်ဆက် တိုက်ရှိပြီ လို့လည်း သိရပါတယ်။


No comments:

Post a Comment

back to top