တုပ်ကွေးရောဂါ ဖြစ်ပွားမည့် အန္တရာယ်ကို လျှော့ချပေးနိုင်သည့် ကာကွယ်ဆေးတစ်မျိုး သုတေသီများ တွေ့ရှိ
အမေရိကန် ပြည်ထောင်စုမှ သုတေသန ပညာရှင်များသည်တုပ်ကွေးရောဂါ ပြင်းထန်စွာ
ခံစားရမှုကြောင့် အထူး ကြပ်မတ်ကုသဆောင်တွင် တက်ရောက် ကုသနေသည့် ကလေးငယ်များ၏
ဘေးအန္တရာယ်ကို ၇၄ ရာ ခိုင်နှုန်းထိ လျှော့ချပေးနိုင်ဖွယ်ရှိသည့်
တုပ်ကွေးရောဂါ ကာကွယ်ဆေး တစ်မျိုးကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း
ရောဂါထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးဌာန CDC က ထုတ်ဖော်
ပြောကြားခဲ့သည်။
၎င်းကာကွယ် ဆေးသည် တုပ်ကွေးရောဂါကို တိုက်ဖျက်ရာတွင်
ထိရောက်မှုရှိသည့် ပထမဆုံးသော ကာကွယ်ဆေး ဖြစ်ပြီး ၎င်းရောဂါ ခံစားရ၍
အသက်အန္တရာယ်ကို ခြိမ်းခြောက်မည့် အန္တရာယ်ကိုလည်း ကာကွယ် ပေးနိုင်ကြောင်း
Infectious ဂျာနယ်တွင် ဖော်ပြထားသည်။ ငါးနှစ်အောက် ကလေးငယ်များနှင့်
ပန်းနာရောဂါ၊ ဆီးချိုရောဂါ ကဲ့သို့ နာတာရှည်ရောဂါ ခံစားနေရသည့် အရွယ်စုံ
ကလေးငယ်များသည် တုပ်ကွေးရောဂါ ဖြစ်ပွားမည့် အန္တရာယ် ပိုမို
မြင့်တက်နိုင်ဖွယ် ရှိပြီး ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်
တုပ်ကွေး ရာသီအတွင်း အမေရိကန် ပြည်ထောင်စုရှိ အထူးကြပ်မတ်ဆောင်များတွင်
တုပ်ကွေးရောဂါ ဖြစ်ပွားသည့် ခြောက်လသား အရွယ် ကလေးငယ်၂၁၆ ဦးထိ ရှိကြောင်း
CDC မှ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးဖြစ်သူ အလီစီရာ ဖရိုင်းက
ပြောကြားထားသည်။
No comments:
Post a Comment