နှင်းဆီအငြိမ့်အဖွဲ့ထဲက အဖွဲ့သားတစ်ဦးဖြစ်တဲ့
အကယ်ဒမီနေတိုးက သူပါဝင်ကပြဖြစ်တဲ့ အငြိမ့်၊ ပြဇာတ်စတဲ့ ဟာသ
ပြက်လုံးတွေနဲ့ အများပြည်သူ ပရိသတ်ကို ရယ်မောပျော်ရွှင် အောင်
ဟာဒရ
ရွှင်ဆေးတိုက် ကျွေးတဲ့အခါတိုင်း အသံတုနဲ့ ပြက်တဲ့ စကားလုံးတွေ ကို သုံး
လေ့သုံးထရှိတဲ့ သူတစ်ဦးပါ။ အသံတုနဲ့ပြက်လုံးတွေကို ပြော ဆို၊ သီချင်းတွေ
သီဆိုတာကို အပေါ်လွင်ဆုံးဖြစ်စေခဲ့တဲ့
(နှင်း ဆီအဖွဲ့သားတွေကပြခဲ့တဲ့ပွဲက
တော့)ရတနာပုံ နှင်းဆီအငြိမ့် တုန်းကပါ။
အသံတုလုပ်ပြီး ပရိသတ် ကို ဖျော်ဖြေတင်ဆက်ပေးခဲ့ဖူးတာ တို့နဲ့ပတ်သက်ပြီး အကယ်ဒမီနေတိုးက...
“ပြက်လုံးခွင်ထဲမှာတော့ (နှင်းဆီပြက်လုံးထဲမှာတော့)အသံတုနဲ့
သီချင်းဖျော်ဖြေတဲ့ ကဏ္ဍတွေကို ကျွန်တော်အရှေ့ တွေမှာ ကပြခဲ့တုန်း ကလည်း
နည်းနည်းပါးပါးလုပ်ခဲ့တယ်။ နောက်ပြီးတော့ ‘သက်ဝင်ပြတိုက်’ ပြဇာတ်မှာလည်း
Classicalက အဆိုတော်ကြီး တစ်ယောက် ဦးသိန်းတန်ကို ဂုဏ်ပြုပြီး
သူ့အသံကိုတုပြီး တော့ သီဆိုခဲ့တာရှိတယ်။ အဲဒီ အသံတုတွေကို ပြက်လုံးခွင်
ထဲမှာ ပြန် ထည့်တဲ့အခါကျတော့ ပိုပြီးတော့ ရသစုံလေးဖြစ်သွား တယ်။ ပြီးတော့
ပရိသတ်ရဲ့ Tempo ပေါ့။
အဓိက ကတော့ နှင်းဆီအငြိမ့် ကလာခဲ့တဲ့ ပွဲ တွေဟာ
တဖြည်းဖြည်းနဲ့ စိန် ခေါ်မှုတွေ များလာ တယ်။ အရှင်း ဆုံးပြောရမယ်ဆိုရင်
တစ်ပွဲ ထက်တစ်ပွဲ ပရိသ တ်အားပေးမှု အရှိန်မြင့်လာတဲ့ ပွဲတွေ၊ စိတ် ဝင်စားမှု
ခံရတဲ့ ပွဲတွေ၊ အောင်မြင် မှုရခဲ့တဲ့ပွဲေ တွချည်းပါပဲ။ အဲဒါ ကြောင့်မို့လို့
ကျွန်တော်တို့ အဖွဲ့ သားအားလုံးဟာ ကိုယ်တွေရဲ့ တင်ဆက်မှုကို တစ်နှစ်ထက်
တစ်နှစ်ပိုပြီးတော့ အနုပညာ ရသမြောက်စွာ ဖန်တီးချင်တဲ့ စိတ်တွေနဲ့ အကုန်စု
ပေါင်း ပြီးတော့ အမျိုးမျိုး တင်ဆက် ခဲ့ကြတယ်။
အဲဒီအထဲမှာမှ ကျွန်တော့်ရဲ့
အားသာချက် တစ်ခုကို အသုံးပြုခွင့်ရ တယ်လို့ပြောရမှာပါ။ အသံ တုနဲ့ပတ်
သက်ပြီးတော့ အရင် တုန်းကတည်းက တကူးတက လေ့ လာခဲ့ရတယ် လို့တော့ မရှိပါဘူး။
ဒါပေမဲ့ ငယ်ငယ် တုန်းက ကိုယ့်ရဲ့ သူငယ်ချင်း တွေထဲမှာ သီချင်းဆို ဝါသနာပါ
တဲ့ သူငယ်ချင်းတွေက အသံတု လုပ်ကြတာပေါ့။ အသံကို တူ အောင်လုပ်ပြီးဆိုတာ
မျိုးတို့၊ ဘာတို့ လုပ်ကြတယ်။ ပရိသတ် ကလည်း သိကြမှာပါ။ အရင် တုန်းက
‘ဆိုကြမယ်၊ ပျော်ကြမယ်’တို့ဆိုရင် Vocal ကိုလုပ်တဲ့ နေရာမှာအသံကို တူအောင်
ဖန်တီးနိုင်တဲ့ဟာကိုပဲ သူတို့က Choice လုပ်ခဲ့ကြတယ်။
အဲဒီ အချိန်တုန်းက
ကျွန်တော်တို့က လည်း အနုပညာနဲ့ပတ်သက်ပြီး စတင်ခံစားတတ်နေပြီ။ အနု ပညာကို
ခံစားတတ်စအရွယ် ဆိုတော့ အဲဒီအရသာကို ကျွန် တော်တို့ ကြိုက်တယ်။ အဲဒါ
ကြောင့်မို့လို့ဖျော်ဖြေတင်ဆက် တဲ့နေရာမှာလည်း တကယ့်ကို အသံတုတွေနဲ့
ပတ်သက်ပြီး တော့ လေ့လာဖြစ်တယ်။ နောက် ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း
ပြောကြည့်တာတို့ရှိတယ်။
ဒါပေမဲ့လည်း အနုပညာလောကထဲ ရောက်လာတော့ ဒီလောက
ထဲကို စတင်ခြေချဖြတ်သန်း လာတဲ့ အချိန်မှာလူရွှင်တော် ကြီးတွေရှိတယ်။
လူရွှင်တော် ကြီးတွေက သီချင်းကို ဖျက်ပြီး ဆိုတာတို့ နောက်ပြောင်ပြီးဆို
တာတို့ လုပ်ကြတယ်လေ။ နောက် ပြီးတော့ Orginal အသံကို
အသံတုလုပ်ပြတာတွေကိုလည်း တအားသဘောကျခဲ့တယ်။အဲ ဒါကြောင့်လည်း ကိုယ်တွေတုန်းက
သဘောကျနှစ်ခြိုက်ခဲ့ရသလို အဲဒီခံစားမှုမျိုးကို ကျွန်တော်က ပရိသတ်
တွေကိုလည်း အဲဒီလိုမျိုးလုပ် ပြရင်းနဲ့ ကိုယ်တွေ ကြိုက်ခဲ့သလို၊
နှစ်သက်သလို သူတို့ လည်း ခံစားရမှာ ပဲဆိုတဲ့ စိတ်နဲ့ ပရိသတ်တွေကို
အသံတုတွေနဲ့ ရယ်ရအောင် ပြက်တာပေါ့။ အဲဒါကြောင့်လည်း ရတနာပုံနှင်းဆီမှာလည်း
အသံ တုတွေ နဲ့ ပြက်ခဲ့တာပေါ့”လို့ ပြောပြတယ်။
အသံတုနဲ့ ပတ်သက်ပြီး
ထဲထဲဝင်ဝင် လုပ်တတ်၊ လုပ် ဖြစ်လာရတဲ့ အဓိကအကြောင်း အရင်းကတော့
မိမိရဲ့မွေးရာပါ ပါရမီကြောင့်လည်းဖြစ်နိုင်တယ်လို့ အကယ်ဒမီနေတိုးက
ဆက်ပြောပြတယ်။
“အသံတုတွေကို လုပ်ဖြစ် တာ၊ လုပ်တတ်နေတာကလေ
ကျွန်တော့်ရဲ့ မွေးရာပါ ပါရမီ ကြောင့်လည်း ပါပါမယ်။ နောက် ပြီးတော့ တကယ့်
အနုပညာကို လေးစားတဲ့စိတ်ကြောင့်လည်း ပါပါတယ်။ ပြီးတော့ အဆိုတော် ကြီးတွေရဲ့
အနုပညာကို လေးစား တာလည်းပါပါတယ်။
အချိန်ယူပြီးတော့ ပြင်ဆင်ရတဲ့အပိုင်းတွေ
ရှိပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ရဲ့အနုပညာ ရသပေါ့။ အဓိကကတော့ ကိုယ်တွေက
ရုပ်ရှင်သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေ ဖြစ်ကြတယ်။ ဒါပေမဲ့လည်း စင်ပေါ်မှာ
အနုပညာ ရသမြောက်စွာနဲ့ တင်ဆက်နိုင်ဖို့က ကျွန်တော်တို့ တာဝန်ပါ။ အရှင်းဆုံး
ပြောရရင်တော့ သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်ဆိုရုံပေးလောက် နဲ့တော့
ကိုယ့်ရဲ့ဖျော်ဖြေမှုကို တာဝန်ကျေတယ်လို့ ယူဆလို့ မရဘူးလေ။ အဲဒါ
ကြောင့်မို့လို့လည်း တင်ဆက်မှုအပိုင်း တွေမှာ အနုပညာ ရသမြောက်စွာ
ဖန်တီးရင်းနဲ့ အသံတုတွေနဲ့ပါ ဖျော်ဖြေ တင်ဆက်ဖြစ်တာပါ“လို့ ပြောပြခဲ့တယ်။
No comments:
Post a Comment