Friday, April 4, 2014



 ကြယ်မျှားသူများ


တိမ်တွေပြိုတဲ့နေ့ ငါတို့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ
စီးဆင်းမယ့် ကြယ်စင်တွေနဲ့အတူ
လမင်းကို ခွဲတမ်းချ
မတည်မြဲဘူးဆိုတာ သိရက်နဲ့
ဆုပ်ကိုင်ထားချင်မှတော့
ဒုက္ခဆိုတာ
ပျားရည်ထက် ပိုချိုပါတယ်။

No comments:

Post a Comment

back to top