နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - April 4, 2014
တနင်္ဂနွေနှင့် ဗုဒ္ဓဟူးဂြိုဟ်များ မိန်ရာသီ၊ သောကြာဂြိုဟ်
ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။
တနင်္လာဂြိုဟ် ပြိဿရာသီ၌ ရပ်တည်နေပြီး ကြာသပတေး ဂြိုဟ် မေထုန်ရာသီ၌
ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့်
ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ်
မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့် ဓနုရာသီ၌
တည်ရှိနေမည်။ တနင်္ဂနွေနှင့် ယူရေးနပ်စ် ပူးယှဉ်သည်။ နက်ပပ်ကျွန်းမှ
တနင်္လာသို့ ၉၀ံအမြင်၊ ရာဟုမှ သောကြာသို့ ၁၂၀ံအမြင် ရှိထားသည်။
ဒေါ်လာဈေးနှုန်း အနည်းငယ် မြင့်တက်လာမည်။ ရောဟဏီ နက္ခတ်စန်းယှဉ်ပြီး မိဿ၊
ပြိဿ၊ မေထုန်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ မကာရနှင့် ကုမ်ရာသီဖွားများ ကံဇာတာ
မြင့်မားချိန် ဖြစ်သည်။ တနင်္လာ၊ ကြာသပတေး၊ စနေနှင့် ရာဟုသားသမီးများ
အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ ပညာရေး၊ ဓါတ်သထ္ထုတူးဖော်မှု၊
စွန့်စားယှဉ်ပြိုင်မှု၊ ရေထွက်ကုန်ပစ္စည်းများ ဖြန့်ဖြူး မိတ်ဆက်ခြင်း၊
ပုလဲရှာဖွေမှုနှင့် ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ စတင်ခြင်း၊
ဘာသာရေးနှင့် တည်တံ့ ခိုင်မြဲလိုသော လုပ်ငန်းကိစ္စများ ဆောင်ရွက်ပါ။
ကံကောင်းဂဏန်း- ၂၊ ၅၊ ဝ
တနင်္ဂနွေသားသမီးများ
မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ကံအညံ့များ တွေ့ကြုံတတ်မည်။
တနင်္လာသားသမီးများ
ခရီးဝေးများ သွားလာရပြီး ကံကောင်း အကျိုးရှိမှုများ တွေ့ကြုံလာမည်။
အနီ၊ ဆင်စွယ်၊ အပြာနု
အင်္ဂါနေ့သားသမီးများ
လုပ်ငန်းတွင် ဆုံးရှုံးနစ်နာမှုနှင့် အခက်အခဲ ပြဿနာများ တွေ့ကြုံ ရင်ဆိုင်ရမည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
ကျန်းမာရေး အညံ့နှင့် မိမိ ဆောင်ရွက် ကြိုးပမ်းမှုများ၌ နှောင့်နှေး ကြန့်ကြာမည်။
ကြာသာပတေးနေ့သားသမီးများ
ငွေကြေး စီးပွားကံ ဆက်လက် မြင့်မားမည့် အချိန်ကာလ ဖြစ်သည်။
သောကြာနေ့သားသမီးများ
အခွင့်အရေးကောင်းများ တွေ့ကြုံပြီးမှ ပြန်လည် နစ်နာ ပျက်စီး ဆုံးရှုံးတတ်သည်။
စနေနေ့သားသမီးများ
ထူးခြားသည့် ဘ၀ကံ တိုးတက် ပြောင်းလဲမှုများ တွေ့ကြုံ ရင်ဆိုင်ရမည်။
ရာဟုနေ့သားသမီးများ
ဘုန်းကံသြဇာ အရှိန်အ၀ါ ထူးခြားစွာ ကြီးမြင့်လာမည့် ရွှေရောင် အချိန်ကာလ ဖြစ်သည်။ တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနီ၊ ဆင်စွယ် |
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | အနီ၊ ဆင်စွယ်၊ အပြာနု |
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အ၀ါ၊ အနက် |
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနီ၊ ဆင်စွယ် |
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနီ၊ ခရမ်း |
သောကြာသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနက်၊ ဆင်စွယ် |
စနေနေ့သားသမီးများ ၀တ်ဆင်ရန် | အနက်၊ အ၀ါ၊ အစိမ်းရင့် |
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းရင့်၊ အ၀ါ၊ ခရမ်း |
No comments:
Post a Comment