လူမုန်းခံရတာကို သဘောကျနေပါတယ်ဆိုတဲ့ အော်စကားမင်းသမီး ကိတ်ဝင်းစလက်
ယခုတလောပရိသတ်အကြား ရေပန်းစားလျက်ရှိတဲ့ Divergent ဇာတ်ကားထဲမှာ ဗိလိန်အဖြစ်ပါဝင်ထားတဲ့ မင်းသမီး ကိတ်ဝင်းစလက်ကို အရင်အမြင်နေကြပုံစံနဲ့ မတူတဲ့ ဇာတ်ကောင်စရိုက်မျိုးနဲ့ တွေ့ကြရမှာပါ။ ကိတ်ဝင်းစလက်ကို သူမရဲ့နာမည်ကြော်ဇာတ်ကားဖြစ်တဲ့ Titanic, Revolutionary Road နဲ့ Eternal Sunshine Of The Spotless Mind များထဲမှာတော့ ခေါင်းဆောင်မင်းသမီးအဖြစ် မြင်ခဲ့ကြရပေမယ့် အခုဇာတ်ကားထဲမှာ ဂျီးနိုင်းမက်သယူးအဖြစ် ကွဲပြားခြားနားစွာတွေ့ခဲ့ရပါတယ်။
"ဒီနှစ်ထဲမှာပဲ ဗီလိန်ဇာတ်ရုပ်နဲ့ တစ်ကားထွက်ဖို့ရှိသေးတယ်။ ကားနာမည်က The Dressmaker။ အခုနှစ်ထဲမှာ ဘယ်လိုဖြစ်ပြီး ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ဖြစ်နေလည်း မပြောတက်ဘူး။ ဒါက ပျော်စရာတော့အကောင်းသားရှင့်။ မတူတဲ့ ဇာတ်ကောင်ပဲ။ အသစ်အဆန်းတစ်ခုဖြစ်သလိုပဲ ရက်စက်ကြမ်းတမ်းသူတစ်ယောက်ဖြစ်အောင် ကြိုးစားရတာလည်းရှိတယ်။ စိတ်ဓာတ်ထူးထူးခြားခြားနဲ့ တူအောင်လုပ်ရတာကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ" လို့ ကိတ်ဝင်စလက် ရင်ဖွင့်ခဲ့ပါတယ်။
No comments:
Post a Comment