ချားစ်လ်တန်အိုးပင်း ဆယ့်ခြောက်ဦးအဆင့်တွင် ဗီးနပ်စ်ဝီလျံ ရှုံးနိမ့်
အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်
ချားလ်စ်တန်မြို့တွင် ကျင်းပလျက် ရှိသော တင်းနစ်ပြိုင်ပွဲ ဆယ့်ခြောက်ဦး
အဆင့် ရှုံးထွက် ပွဲစဉ်များတွင် နာမည်ကြီး တင်းနစ်မယ် ဗီးနပ်စ်ဝီလျံ
ရှုံးနိမ့်ထွက်ခွာခဲ့ရကြောင်း သိရသည်။ ကနေဒါ နိုင်ငံသူ
ယူဂျီးနီးဘူချတ်နှင့် တွေ့ဆုံခဲ့သည့် ယင်းပွဲစဉ်တွင် ပထမပွဲငယ်တွင်
ဗီးနပ်စ်နှင့် တိုင်းဘရိတ် ကစားကာ အနိုင်ရယူခဲ့ပြီးနောက် ဒုတိယ
ပွဲငယ်တွင်မူ ၂-၆ ဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည်။ တတိယ ပွဲငယ်တွင်မူ
ဘူချတ်သည် ဗီးနပ်စ်ဝီလျံ၏ စပေးဘော အလှည့်နှစ်လှည့်အား သတ်နိုင်ခဲ့ပြီး ၆-၎
ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဘူချတ်က
‘‘ ဒီပွဲကို ကစားနေရင်းနဲ့ပဲ ယုံကြည်မှုတွေ ပိုရှိလာပါတယ်။ ပြေးလွှား
လှုပ်ရှားနေရင်းနဲ့ပဲ သူ့ကို ကျွန်မ အနိုင်ယူနိုင်တယ်လို့ သိလာပါတယ် ’’ ဟု
ပွဲအပြီးတွင် ပြောကြားသွားခဲ့သည်။ အခြားပွဲစဉ်များတွင် နာမည်ကြီး
တင်းနစ်မယ်များ ဖြစ်ကြသည့် အန်ဒရီယာပက်ကိုဗစ်၊ ယယ်လီနာယန်ကိုဗစ်၊
ဆာရာအီရာနီ၊ ဒယ်နီယယ်လာဟန်တူခိုဗာ၊ လူစီဆာဖာရိုဗာတို့လည်း အသီးသီး
အနိုင်ရရှိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment