ယခု
ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့ရှိ ဈေးလေးခု အသစ်ပြန် လည် တည်ဆောက်မည်
ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက ကြီးမှူး၍ ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်တွင် ရန်ကုန်တိုင်း
ဒေသကြီး အတွင်းရှိ ပြုပြင် တည်ဆောက်ရန် လိုအပ်သော ဈေးလေးခုကို အသစ်ပြန် လည်ဆောက်လုပ်သွားမည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အသစ်
ပြန်လည်တည်ဆောက်ရန် လျာထားသော ဈေးလေးခုမှာ အင်းစိန်မြို့နယ် ရှိ ဖော့ ကန်ဈေး၊ ရွှေပြည်သာ
မြို့နယ်ရှိ ပတ္တမြားဈေး၊ သာကေတမြို့နယ်ရှိ (၃) ဈေးနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ
ကြက် ဘဲ ဈေးတို့ ဖြစ်ကြပြီး အဆိုပါ ဈေးလေးခုကို ငွေကျပ် သိန်းတစ်သောင်းခန့် အကုန်အကျခံကာ
အသစ် ပြန်လည် ဆောက်လုပ်၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန အောက်တွင် အခွန်လွတ်ဈေး ၁၁ ဈေး အပါအဝင် ဈေးအရေအတွက်
စုစုပေါင်း ၁၇ဝ ကျော်ရှိပြီး ယင်းဈေးများကို အလျဉ်းသင့်သလို ပြုပြင် တည်ဆောက်ကာ အဆင့်မြှင့်တင်ခြင်းများ
လုပ်ဆောင်လျက် ရှိသည့်အပြင် ဈေးသစ်များ ဆောက်လုပ်ခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ
ဈေးများဌာနမှ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဈေးများကို အဆင့် မြှင့်တင် တည်ဆောက်ရာတွင်
ဈေးသူ၊ ဈေးသားများကို နားလည် ကျေနပ်စေရန် ရှင်းပြရခြင်း၊ တစ်ခါ တစ်ရံ ဈေးသူ၊ ဈေးသားများ
အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိသောအခါ မဲခွဲ ဆုံးဖြတ်ရခြင်း စသည်တို့ကို လုပ်ဆောင်
ကြရသည်။
ယင်းကဲ့သို့
ဈေးများကို အသစ်ပြန်လည် တည်ဆောက်ရာ၌လည်း နိုင်ငံ တကာမှ နိုင်ငံခြားသား များ ဖြတ်သွား
ဖြတ်လာနှင့် ကြုံသည့်အခါ အမြင်တင့်စေရန် လမ်းမတန်းဘက် ကျသော ဈေးများကို ဦးစားပေး
ဆောင်ရွက် လျက်ရှိပြီး ယခုအခါ ရန်ကုန်မြို့တွင်းရှိ ဈေးအားလုံး၏ တစ်ဝက်နီးပါးခန့်ကို
အသစ်ပြန်လည် ဆောက်လုပ် ကာအဆင့်မြှင့်တင်ထားပြီး ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment