Tuesday, April 29, 2014

ယခုဘဏ္ဍာရေး နှစ်တွင် SME လုပ်ငန်းရှင်များအား SMIDB ဘဏ်မှ ချေးငွေ ငွေကျပ် ၂ဝ ဘီလီယံခန့် ထုတ်ချေးမည်

ယခုဘဏ္ဍာရေး နှစ်တွင် အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMIDB) မှ ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင်များ အတွက် ချေးငွေ ငွေကျပ် ၂ဝ ဘီလီယံ နီးပါး ထုတ်ချေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ချေးငွေများကို လာမည့်မေလမှ စတင်ကာ ထုတ်ချေးသွားမည် ဖြစ်ပြီး လုပ်ငန်း အမှန်တကယ် လုပ်ကိုင် ဆောင်ရွက်နေသော စက်မှုစီးပွားရေး လုပ်ငန်းရှင် များကိုသာ စစ် ဆေး ဆောင်ရွက်ခြင်း များ ပြု လုပ်ပြီးမှ ချေးငွေများ ထုတ်ချေးမည် ဖြစ်ရာ ငွေချေးလိုသော လုပ်ငန်းရှင်များ အနေဖြင့် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာ လမ်းသစ်ရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ  ဖွံ့ဖြိုးမှုရုံး (SME  Center) တွင် လုပ်ငန်း အမှန်တကယ် လုပ် ကိုင် ဆောင်ရွက်နေကြောင်း ထောက်ခံချက် ရယူရန် လိုအပ်ကြောင်း သိရသည်။
ငွေချေးရာတွင်လည်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင် တစ်ဦးလျှင် အများဆုံး ငွေကျပ်သိန်း ၅ဝဝဝ အထိ ထုတ်ချေးရန် စီစဉ်ထားပြီး အတိုးနှုန်းထားကိုမူ ၈ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေး နှစ်တွင်လည်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင် တစ်ဦး ကို အလားတူ အတိုးနှုန်းဖြင့် ငွေကျပ်သိန်း ၅ဝဝဝ အထိ ချေးပေးခဲ့ရာ (SMIDB) စုစုပေါင်း ချေး ငွေကျပ် ၁ဝ ဘီလီယံခန့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ  ဖွံ့ဖြိုးရေးဘဏ (SMIDB) မှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင်များကို ငွေကျပ် ၁ဝ ဘီလီယံခန့် ထုတ်ချေးခဲ့ပြီး ယခုဘဏ္ဍာရေး နှစ်တွင် ငွေကျပ် ၁ဝ ဘီလီယံ ထပ်တိုးကာ စုစုပေါင်းငွေကျပ် ၂ဝ ဘီလီယံနီးပါး ထုတ်ချေးရန် ရည်ရွယ် ထားသော် လည်း နှစ် စဉ် နှစ်တိုင်း ချေးငွေ ပမာဏကို တိုးမြှင့်ချေးနိုင်မည် မဟုတ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။  

No comments:

Post a Comment

back to top