သင်္ကြန်ကာလအတွင်း မြို့ပတ်ရထားအချို့နှင့် အမြန်ရထားပြေးဆွဲမှု ခရီးစဉ်များ ခေတ္တရပ်နားမည်
၂၀၁၄
ခုနှစ် ဧပြီ ၁၄ ရက်(သင်္ကြန်အကျနေ့)မှ ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့) အထိ သင်္ကြန်ကာလ အတွင်း
အမြန်ရထား ပြေးဆွဲမှု ခရီးစဉ်များကို သုံးရက်ကြာ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး မြို့ပတ်ရထား
ခရီးစဉ် အချို့ကိုလည်း ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)မှ ဧပြီ ၁၆ ရက်(သင်္ကြန်အတက်)နေ့အထိ
ခေတ္တ ရပ်နား မည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ လက်ထောက်မန်နေဂျာ ဦးကျော်မြင့်က ပြောကြားသည်။
ရန်ကုန်မြို့တွင်း
ပြေးဆွဲနေသည့် ခရမ်း၊ တောင်မြန်၊ သရက်(ဂ)အထူး၊ အဲယားကွန်း အထူးတွဲဆိုင်းများ စသောမြို့ပတ်ရထား
ပြေးဆွဲမှုများကို သင်္ကြန်ကာလအတွင်း ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
ထို့အပြင် သင်္ကြန်ကာလအတွင်း ရပ်နားထားမည့် အမြန်ရထားပြေးဆွဲမှု ခရီးစဉ်များမှာ ရန်ကုန်-မန္တလေး လမ်းပိုင်း ပြေးဆွဲသည့် အမှတ်(၅) အဆန်နှင့် အမှတ်(၆) အစုန်အမြန်ရထား၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း ပြေးဆွဲသည့် အမှတ် (၃၅)အဆန် နှင့် အမှတ်(၃၆)အစုန် အမြန်ရထား၊ ရန်ကုန်-နေပြည်တော် လမ်းပိုင်း ပြေးဆွဲသည့် အမှတ် (၇)အဆန်နှင့် အမှတ် (၈)အစုန်အမြန်ရထား၊ ရန်ကုန်-ပုဂံ-ပခုက္ကူ လမ်းပိုင်း ပြေးဆွဲမည့် အမှတ် (၆၁)အဆန် ရထားနှင့် အမှတ်(၆၂) အစုန်ရထားပြေးဆွဲမှုများကို သုံးရက်ကြာ ရပ်နားသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ
ခေတ္တရပ်နားထားသည့် ရထားခရီးစဉ်များကို ဧပြီ ၁၇ ရက်(သင်္ကြန်နှစ် ဆန်းတစ်ရက်နေ့)တွင် ပုံမှန်အတိုင်း
ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
ယခုကဲ့သို့
အမြန်ရထားပြေးဆွဲမှုများ ရပ်နားထားရခြင်းမှာ အရင်ကနှစ်များက သင်္ကြန်ကာလအတွင်း လိုက်ပါ
စီးနင်းသူ အခြေအနေများကိုကြည့်ပြီး လိုက်ပါစီးနင်းသူ အရည်အတွက် နည်းပါးသဖြင့် ရပ်နားခြင်းဖြစ်ကြောင်း
သိရသည်။
သို့သော်
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အနေနဲ့ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်အပြီး ကာလများနှင့်
အမြန် ရထားပြေးဆွဲမှု ရပ်နားထားသည့် သင်္ကြန်အတွင်း ကာလများတွင် သင်္ကြန်အထူးရထားများ ပြေးဆွဲသွားရန်
အစီအစဉ်ရှိကြောင်း သိရသည်။
No comments:
Post a Comment