ဥတ္တရသီရိ
Sinma Living Mall မှ အခမဲ့ ဘတ်စကား ပြေး ဆွဲပေးမည်
နပြည်တော်
ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအဝိုင်း အနီး Commercial Comlex ရှိ Sinma Living
Mall မှ ဝယ်ယူ အားပေးကြသူများ အတွက် ဧပြီ
၇ ရက်မှ စ၍ အခမဲ့ ဘတ်စကား ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘတ်စကားသည်
ဥတ္တရသီရိ Sinma Living Mall မှ နံနက် ၁ဝ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၂
နာရီ၊ ညနေ ၄ နာရီ၊ ညနေ ၆ နာရီနှင့် ည ၈ နာရီတို့တွင် စတင်ထွက်ခွာပြီး ရွာတော်
မင်္ဂလာဈေး-ပန်းခင်းလမ်း တစ်လျှောက်မှ ပျဉ်းမနား မင်္ဂလာရှမ်းကန်ကို ပတ်၍
ပေါင်းလောင်းလမ်း-နှင်းဆီပန်း အဝိုင်း၊ ၎င်းမှ စတင်ထွက်ခွာခဲ့ရာ ဥတ္တရသီရိ Sinma
Living Mall သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။ လမ်းတစ်လျှောက်ရှိ
အင်ကြင်းပန်းအဝိုင်း၊ မင်္ဂလာဈေး၊ ရွာတော်ဘူတာရှေ့ မှတ်တိုင်၊ ပင်မအလုပ်ရုံ၊
ရွှေကမ္ဘာစတိုး၊ ကောင်းမြတ်မွန် ဆေးဆိုင်၊ ပြည့်ဝစံကဖီး၊ စံတော်မီ ကဖီး၊
တပ်ကုန်းကားဂိတ်၊ မြင်းရုပ်၊ ငြိမ်းသခင် ပရိဘောဂ၊ ယူနီစန်ကဖီး၊
မြင့်မိုရ်နန်းမိုတယ်၊ အင်ကြင်းပန်း အဝိုင်း ကုန်းထိပ်တို့တွင် ရပ်နားပေး
မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥတ္တရသီရိ Sinma
Living Mall တွင် Super One ဈေးဝယ်စင်တာ၊ Game စင်တာ၊ ဖက်ရှင်ဆိုင်များ၊ အလှကုန်ပစ္စည်းများ၊
ပန်းချီကားဆိုင်များ၊ လျှပ်စစ် ပစ္စည်း၊ ပရိဘောဂ၊ 6D ရုပ်ရှင်ရုံ၊ Perfect Beauty
Spa၊ ရန်ကုန်ကြေးအိုးနှင့် ထိုင်း၊ တရုတ်၊ အနောက်တိုင်း စားသောက် ဆိုင်များ ဖွင့်လှစ်ထားကြောင်း
သိရသည်။
No comments:
Post a Comment