Wednesday, April 2, 2014


စိန်ခေါ်မှု အကြီးဆုံးဖြစ်စဉ်ဟု ပျောက်ဆုံးလေယာဉ် ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ပြောကြားလေယာဉ်မှ နောက်ဆုံးပေးပို့ခဲ့သည့် စကားသံများ အပြောင်းအလဲဖြစ်ဟုဆို

ပျောက်ဆုံးနေသော မလေးရှားလေကြောင်းပိုင်လေယာဉ်ကို ရှာဖွေမှုပြုလုပ်နေသည့် မလေးရှားနိုင်ငံနှင့် နိုင်ငံတကာ ပူးပေါင်းအဖွဲ့ခေါင်းဆောင် အန်ဂတ်စ်ဟောက်စတန်က စိန်ခေါ်မှုအကြီး ဆုံးဖြစ်စဉ်မျိုးကို ကိုင်တွယ်ဆောင်ရွက်နေရသည်ဟု ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။ အန်ဂတ်စ်ဟောက်စတန်သည် ကွာလာလန်ပူမြို့၌ပြုလုပ်သော ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အန်ဂတ်စ်ဟောက်စတန်က “MH370 လေယာဉ်ရှာဖွေရေးလုပ်ငန်းစဉ်ဟာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနေသလို  စိန်ခေါ်မှုပြင်းထန်တဲ့ဖြစ်စဉ်မျိုးလဲ ဖြစ်ပါတယ်။ ဘယ်လောက်အထိ စိန်ခေါ်မှု ပြင်းထန် သလဲဆိုရင် လေယာဉ်ပျောက်ဆုံးမှု ရှာဖွေခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ ဘယ်တုန်းကမှ မရှိဘူးတဲ့စိန်ခေါ်မှုမျိုးလို့ သတ်မှတ်ချင်ပါတယ်။ ကမ္ဘာ့အဆင့်မီ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ရှာဖွေနေတာတောင်မှ သဲလွန်စလုံးဝ မရတာဟာ တော်တော်အံ့သြဖို့ကောင်းတဲ့ အဖြစ်အပျက်မျိုးလို့ ဆိုရမလိုဖြစ်နေပါတယ်။ အကောင်းဆုံးရလဒ်မျိုး အမြန်ဆုံးပိုင်ဆိုင်အောင် ကျွန်တော်တို့ဘက်က အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု ပြောသည်။
မလေးရှားလေကြောင်းဆိုင်ရာ တာဝန်ရှိသူများသည် MH370 လေယာဉ်မှ နောက်ဆုံးပေးပို့ခဲ့သော စကားသံများကို အပြောင်းအလဲပြုလုပ်ပြီး အတည်ပြုချက်အသစ် ထုတ်ပြန်လိုက်သည်ဟု သိရသည်။ မူကလေယာဉ်မှူးထံမှ နောက်ဆုံးပေးပို့ခဲ့သော စကားသံမှာ “အားလုံးအဆင်ပြေတယ်၊ ကောင်းသော ညပါ” ဖြစ်ပြီး ပြင်ဆင်လိုက်သည့် စကားသံမှာ “ကောင်းသောညပါ။ မလေးရှား-၃၇၀ “ ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ နောက်ဆုံးပေးပို့သည့် စကားသံကို ပြင်ဆင်လိုက်ပြီး နောက် တွင် လေယာဉ် ကို လေယာသ်မှူးက ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ခုခုလုပ်လိုက်သည် ဆိုသော သုံးသပ်ချက်များပေါ်ထွက် လာခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

back to top