၂ဝ၁၄
ခုနှစ်အတွက် လက်တင် တေးဂီတဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၂၄ ရက်က အမေရိကန်နိုင်ငံ
ဖလော်ရီဒါပြည်နယ်ရှိ BankUnited Center ၌ ကျင်းပခဲ့ရာ Social Artist of
the Year ဆုကို နာမည်ကျော် လက်တင်တေးသံရှင် ရှာကီရာက လည်းကောင်း၊Artist of the
Year ဆုအပါအဝင် ဆုအမျိုးအစား ၁ဝ မျိုးကို လက်တင်ဂရမ်မီ လေးဆုရှင် Marc Anthony က လည်းကောင်း
ရရှိဆွတ်ခူးခဲ့သည်။
ထို့အပြင် ယင်းဆုပေးပွဲမှ ထိပ်တန်း ဆုများရှင်Marc
Anthony ၏ 3.0 အယ်လ်ဘမ်က ထိပ်တန်း လက်တင် တေးအယ်လ်ဘမ်ဆုကို လည်းကောင်း၊ အဆိုပါအယ်လ်ဘမ်မှVivir
Mi Vidaသီချင်းက ရေပန်း အစားဆုံး လက်တင်သီချင်းဆု၊ အကောင်းဆုံး ဒစ်ဂျစ်တယ် သီချင်းဆု၊
အကောင်းဆုံး လက်တင်ပေါ့ပ် သီချင်းဆုတို့ကို ရရှိခဲ့ သည်။
ယင်းအပြင် အထူးဆုများအနေဖြင့် Billboard Hall of Fame Awardဆုကို တေးရေးဆရာနှင့် တေးသံရှင်Franco De Vita အား လည်းကောင်း၊ တစ်သက်တာ အကောင်းဆုံးဆုကို တေးသံရှင် Andrea Bocelli အား လည်းကောင်း၊Spirit of Hope Award ဆုကိုCarlos Vives အား လည်းကောင်း ချီးမြှင့်ခဲ့သည်။
လက်တင်တေးဂီတဆုချီးမြှင့်ပွဲ သည် ၂ဝ၁၃ ခုနှစ်အတွင်း ရေပန်းစား ကျော်ကြားခဲ့သည့် လက်တင်တေး အယ်လ်ဘမ်များ၊ လက်တင်သီချင်း များနှင့် ဖျော်ဖြေမှုများ၏ ရောင်းအား၊ ရေဒီယိုထုတ်လွှင့်မှုနှင့် လူမှုကွန်ရက်မှ အချက်အလက်များကို အခြေခံကာရွေးချယ်ဆုချီးမြှင့်သည့် လက်တင်ဂီတ ဆုအမျိုးအစား တစ်ခုလည်းဖြစ်သည်။

No comments:
Post a Comment