မွန်ပြည်နယ် သမိုင်းဝင် စေတီပုထိုးများ လွှတ်တော် နာယက ဖူးမြော်ရဟန်းရှင် လူ ပြည်သူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက် တို့နှင့်အတူ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း တို့သည် ဧပြီလ (၂၅) ရက် ည (၈) နာရီက ကျိုက္ခမီရေလည်ဘုရား၌ ရွှေသင်္ကန်းဆက်ကပ်ခြင်း၊ အလှူငွေပေး အပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ဂေါပကအဖွဲ့က စေတီတော်ပုံပါ ဓာတ်ပုံပန်းချီကားများကို ပြန် လည်ပေးအပ်သည်။ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး ဆံတော်ရှင် စေတီသို့ သွားရောက်ဖူးမြော်ခဲ့ပြီး ရွှေသင်္ကန်း ဆက်ကပ်ခြင်း၊ လှူဒါန်းငွေပေးအပ်ခြင်းများ ပြုလုပ်ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကသည် ကျိုက်ထိုးရိုး ဆံတော်ရှင် စေတီတော်သို့ လာရောက်ဖူးမြော်ကြသော ရဟန်း ရှင်လူ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ဆက်လက်၍ ကျိုက်ပေါလောမှဲ့ရှင်ဘုရားသို့ သွားရောက်ဖူးမြော်ပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment