Monday, April 28, 2014

ဘာစီလိုနာ နည်းပြဟောင်း ဗီလာနိုဗာ ကွယ်လွန် သွားတဲ့ သတင်း







ဘာစီလိုနာ နည်းပြဟောင်း တီတိုဗီလာနိုဗာဟာ ကာလအတော်ကြာ ခံစားခဲ့ရတဲ့ လည်ချောင်ကင်ဆာ ရောဂါကြောင့် သောကြာနေ့၊ ညနေပိုင်းက ကွယ်လွန်သွားပြီလို့ ဘာစီလိုနာအသင်းက ထုတ်ပြန် ကြေညာပါတယ်။ ဒီသတင်းဟာ ကမ္ဘာ့ဘောလုံး အသိုင်းအ၀ိုင်းကို တုန်လှုပ်စေပြီး ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီ အပါအ၀င် ဘောလုံးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တွေက ဗီလာနိုဗာအတွက် ဆုတောင်း ပေးခဲ့ကြပါတယ်။ ဘာစီလိုနာအသင်း ဌာနချုပ်ရုံးနဲ့ နူးကမ့်ကွင်းတို့မှာ ဘာစီလိုနာနဲ့ ကာတလန်အလံတွေကို တိုင်တစ်ဝက်ပဲ လွှင့်တင်ပြီး ၀မ်းနည်းခြင်း အထိမ်းအမှတ် လုပ်ပေးပါတယ်။ ဗီလာနိုဗာဟာ ၂၀၁၂ခုနှစ် ဒီဇင်ဘာလက ပါရိုးတစ်ဂလင်းထဲက ကင်ဆာကြိတ်ကို ခွဲစိပ်ဖယ်ရှားပြီး ဓါတုကုထုံးနဲ့ ကုသခဲ့ပေမယ့် သက်သာခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ရောဂါအခြေအနေ ဆိုးရွားလာလို့ ဘာစီလိုနာမြို့ ဆေးရုံတစ်ရုံမှာ အရေးပေါ်ခွဲစိပ်မှု ခံယူရပါတယ်။ ဒါပေမယ့် ပြင်းထန်လွန်းတဲ့ ကင်ဆာရောဂါကို မတွန်းလှန်နိုင်ဘဲ သောကြာနေ့ ညနေပိုင်းမှာ ဗီလာနိုဗာ ကွယ်လွန် သွားခဲ့ရပါတယ်။ ကွယ်လွန်ချိန် သူ့အသက် (၄၅)နှစ်ပဲ ရှိသေးပြီး ဇနီးနဲ့ကလေး(၂)ဦး ကျန်ရစ်ကြောင်း သိရပါတယ်။ ဒီအတောအတွင်း ဘာစီလိုနာအသင်းဟာ ဗီလာနိုဗာကို ပရိသတ်တွေ ဂါဝရပြုနိုင်ဖို့ နူးကမ့်ကွင်းကို ဖွင့်လှစ် ထားပေးမယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top