သရုပ်ဆောင် ရဲတိုက်ရဲ့ ဗီဒီယို ဇာတ်ကားတွေကို အတွေးအခေါ် ပါတဲ့အတွက် နားမလည်ဘူး
ဆိုပြီး ဈေးနှိမ် ဝယ်ယူနေကြတာမို့ အရှုံးခံကာ ဈေးကွက် အ တွင်း ဖြန့် ချိရောင်း ချနေရကြောင်း
ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော်က ဖွင့်ဟပြောပြသည်။
“မင်းသားသစ်ဆိုပြီးတော့ နယ်ဈေးကွက်တွေ ကလည်း ဈေးနှိမ်ပြီးတော့ ဝယ်ကြ တယ်။ ကျွန်တော်တို့
ထုတ်လုပ်ရေး ကလည်း ကိုယ်တင်ပြချင် တာတွေကို ပြတာဖြစ်တဲ့ အတွက် အရှုံးခံ ပြီးတော့ပဲ ဇာတ်ကားတွေ
ကို ဖြန့်ခဲ့တယ်။ နယ်ဈေးကွက် မှာလည်း အနှိမ်ခံရတယ်။ ဇာတ်ကားတွေက အတွေးအခေါ် ပါတဲ့ အတွက်
နားမလည်ဘူး ဆိုပြီး တော့ ဈေးနှိမ်ပြီး ဝယ် တယ်။ အဲဒီတော့ အရှုံးခံပြီး ရောင်းရတယ်။
ရဲတိုက်လည်း သရုပ်ဆောင် ခ ကောင်းကောင်း မရရှာပါဘူး။ အပြင် ထုတ်လုပ်ရေး နဲ့ ရိုက်မှသာ
ပိုက်ဆံလေး ဘာလေးရတယ်။ ရတဲ့ ပိုက်ဆံလေးတွေ ကိုလည်း သူက လှူချင် တန်းချင်၊ ပေးချင် ကမ်းချင်တဲ့
ဆန္ဒကများတော့ တွေ့တဲ့နေရာမှာ တွေ့ သလို လှူဒါန်းတယ်။ တခြား မင်းသားတွေလိုမျိုး ပိုက်ဆံ
ကောင်းကောင်း မရပါဘူး။ သူ့ရဲ့နှလုံးသား က နူးညံ့တယ်။ ထိခိုက်ကြေကွဲ လွယ်တယ်။ သူက အဲဒီလို
လူမျိုးပါ”လို့ ဦးမျိုးဇော်က ရှင်းပြသည်။
ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေး အနေဖြင့် လက်ရှိအချိန် အထိ သရုပ်ဆောင် ရဲတိုက်နှင့် ဇာတ်ကားပေါင်း
၄၆ ကားအထိ ရိုက်ကူး ပြီးစီးခဲ့ပြီး “နတ္ထိ ဟင်းလင်းပြင်” ဆိုသည့် ဇာတ်ကား ကို ရန်ကုန်
ဈေးကွက် အတွင်း ဖြန့်ချိရန် ကျန်ရှိနေကြောင်း၊ ရဲတိုက် အမှုတွေ အားလုံး ရင်ဆိုင်ပြီး
နောက်ပိုင်း မှာလည်း ရဲတိုက်နှင့် ပြန်လည် လက်တွဲပြီး ရုပ်ရှင် ဇာတ်ကားကြီးများ ရိုက်ကူး
ထုတ် လုပ် သွားမှာဖြစ်ကြောင်း ဆာတိုရီ ထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော် က ပြောပြသည်။

No comments:
Post a Comment