Wednesday, April 30, 2014

ဧပြီ (၂၉) ရက် နံနက်(၉)နာရီချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဆေးရုံမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် လွှဲပြောင်းပေးခြင်း ခံရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဘိုရားကြီးကျေးရွာ တွဲဘက်စည်းရုံးရေးမှူး ဦးစိန်ထွန်းအား မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား ခရိုင်ပါတီကော်မတီဝင် ဦးချစ်အောင်နှင့် မြို့နယ်တွဲဘက် အတွင်းရေးမှူး ဦးရဲမြင့် တို့မှ ငွေကျပ် နှစ်သိန်း ထောက်ပံ့ကူညီ ခဲ့ကြောင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့် မှလည်း ငွေ ကျပ် နှစ်သောင်းအား ပေးအပ်ကူညီခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment

back to top