Tuesday, April 29, 2014

ဒုတိယ တစ်ကိုယ်တော်အခွေမှာ လူလတ်ပိုင်းတွေအကြောင်း သီချင်း ဖန်တီးမယ့် ကျော်ထွဋ်ဆွေ

 

 





အနုပညာလောကထဲကိုဝင်ရောက်လာတာ တစ်ကိုယ်တော်အခွေထွက်ရန် အချိန်ကြာနေတာနဲ့ ပတ်သက်ပြီး"တစ်ကိုယ်တော်ခွေထွက်ဖို့ကတော့ ပြီးတေပါပြီ။ ထွက်မယ်ဆိုပြီးတော့ ပြင်ဆင်နေတာနဲ့ အချိန်ကြာသွားတာပါ။ ပြောင်းလဲမှုတွေကတော့ အများကြီးရှိပါတယ်။ သီချင်းစာသားတွေ ကတော့ ပြောင်းသွားတာမရှိဘူး။ ပထမဦးဆုံးခွေဖြစတဲ့အတွက် ပရိသတ်တွေ ရဲ့အမြင်ကို ဆန်းစေမှာပါ" ဟု အဆိုတော်ကျော်ထွဋ်ဆွေကပြောသည်။
ဒုတိယတစ်ကိုယ်တော် အော်ဒီယိုနဲ့ပတ်သက်ပြီး" ပထမအခွေကတော့ကြာသွားတယ်။ ဒုတိယ တစ်ကိုယ်တော် အယ်လ်ဘမ်ကို နိုဝင်ဘာလထဲမှာ သေချာပေါက်ထွက်မှာပါ။ ဒုတိယအခွေမှာတော့ ကျွန်တော်ဆိုနေကျ မဟုတ်တဲ့ ဂီတပုံစံအသစ်တွေကို ချပြသွားမှာပါ။ နောက်ပိုင်းကျွန်တော်ဖန်တီးဖြစ်နေတဲ့ ဂီတပုံစံကတော့ လူလတ်ပိုင်းတွေရဲ့ စရိုက်တွေကိုရေးဖြစ်တာများတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ အခွေရောင်းအား ကိုမှီပြီး အနုပညာအလုပ်တွေကိုလုပ်ဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ နိုင်ငံခြားမှာတော့ အဆိုတော်တွေက အခွေရောင်းပြီးတော့ရပ်တည်တယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ အခွေရောင်းအားနဲ့ မလွယ်ဘူး။ ကိုယ်ဆိုဖို့ သီချင်းတွေကို  ကိုယ်တိုင်ရေးတဲ့အတွက် နောက်ပိုင်းမှာတခြားလူတွေအတွက် သီချင်းတွေကိုမရေးဖြစ်ဘူး။ ပထမတစ်ကိုယ်တော် အမ်တီဗွီထွက်ဖို့ရက်ကတော့ သတ်မှတ်ပြီးသွားပြီ" ဟု ၄င်းကပြောသည်။

No comments:

Post a Comment

back to top