IIFA ၂ဝ၁၄ ဆုပေးပွဲတွင် Deepika Padukone ဆုအများအပြား ဆွတ်ခူး ရရှိ
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တမ်ပါဘေမြို့တွင် ကျင်းပခဲ့သည့် IIFA ၂ဝ၁၄ ဆုပေးပွဲ
အခမ်းအနားတွင် Deepika
Padukone သည် ယခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး
ရရှိခဲ့သည်ဟု သိရသည်။
Deepika Padukone သည် သူမပါဝင်
သရုပ်ဆောင်ခဲ့သည့် Race 2 ၊ Jawaani Hai Deewani ၊ Chennai Express နှင့်
Goliyon Ki Raasleela Ram-Leela ဇာတ်ကား လေးကားအနက် Chennai Express
ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆုကိုလည်း ဆွတ်ခူးခဲ့သည်ဟု
သိရသည်။ ထို့ပြင် IIFA ၂ဝ၁၄ အတွက် Best Performance in a leading Role
(Male) ဆုကို Farhan Akhtar က ဆွတ်ခူး ရရှိခဲ့ပြီး Best Performance in a
Negative Role ဆုကို Bhaag Milka Bhaag နှင့် Rishi Kapoor တို့က
ရရှိခဲ့သည်ဟု သိရသည်။

No comments:
Post a Comment