စုစည်းညီညွတ်မှု အားကောင်းသော တိုင်းဒေသကြီး၊ ပြည်နယ်များဖြစ်ရန်နှင့် လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲ၊ အယူဝါဒစွဲများ မရှိသင့်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြား
"ကားယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရားတွေအားလုံး စည်းလုံ ညီညွတ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတယ်။ တစ်နေရာတည်း မှာ လူမျိုးစုတစ်စုတည်း ခြံဝင်း ခတ်နေထိုင်ကြတာမျိုး မဟုတ်ဘဲ နေရာတိုင်း၊ ဒေသတိုင်းတွင် အတူ တကွ အေးအတူပူအမျှ ပေါင်းစည်းနေထိုင်နေကြတယ် " ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကယားပြည်နယ် ခရီးစဉ်တွင် ပြော ကြား သည်။
ဒေသစွဲ၊ ဘာသာစွဲ၊ အယူဝါဒစွဲ အတိုင်းထက်ကျော်လွန်ပါက ပြည်ထောင်စု စိတ်ဓာတ် ပျက်စီး သွားပါက အန္တရာယ်ရှိနိုင်ကြောင်း၊ ယခုလက်ရှိတွင် ဒီမို ကရေစီစနစ်သို့ လျှောက်လှမ်းနေကြပြီး လွှတ်တော်တွင်း၌ တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်အောင် ဖွဲ့စည်းခဲ့ကြောင်း၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှု ရရှိဖို့အတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။
" အမျိုးသားလွှတ်တော်ဆိုတာကလဲ လူမျိုးစုလွှတ်တော်က ဆင်းသက်လာ တာဖြစ်တယ်။အမျိုးသား လွှတ်တော်မှာ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်း စီက ကိုယ်စားလှယ် ၁၂ ဦးစီ အညီအမျှ ခွဲဝေ ပေးထားတယ်။ ယခင်က ဒီလိုအခွင့်အရေးမျိုး တွေမရှိခဲ့ပါဘူး။ အခုဆိုရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လွှတ်တော်မှာ ပြောဆိုဆွေးနွေးနိုင်အောင် ဆောင်ရွက် ထားပေးတယ်" ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
No comments:
Post a Comment