Tuesday, April 29, 2014

ဗြိတိန်ရှေ့နေနဲ့ စေ့စပ်လိုက်တဲ့ ဂျော့ခ်ျကလူနီ

 

 


ဟောလိဝုဒ် နာမည်ကျော်သရုပ်ဆောင်မင်း သား ဂျော့ခ်ျကလူနီသည် ဗြိတိန် ရှေ့နေ အမ်မယ် အယ်လမ်မူဒင် နှင့် စေ့စပ်လိုက်ပြီဟု အမေရိကန် မီဒီယာများက ဧပြီ ၂၆ရက်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် လော့စ်အန်ဂျလိစ်မြို့စားသောက်ဆိုင်တစ်ဆိုင်၌ စေ့စပ်လက်စွပ် ကြီးတစ်ကွင်း ၀တ်ထားသည့်အမ် မယ်အယ်လမ်မူဒင်ကို ပါပါရာဇီ ဓာတ်ပုံသတင်းထောက်များက တွေ့ရှိခဲ့ကြသည်ဟု Peopleမဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ယင်းစားသောက်ဆိုင်တွင် အသက်(၅၂)နှစ် အရွယ်ရှိ ဂျော့ခ်ျကလူနီနှင့် အသက်(၃၆)နှစ်ရှိ အမ်မယ်မူဒင်တို့ ရင်းနှီးသောမိတ်ဆွေများနှင့် စေ့စပ်ပွဲ ဆင်နွဲခဲ့ကြဖွယ်ရှိသည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်များက People မဂ္ဂဇင်းအား ပြောကြားသည်။

ဂျော့ခ်ျကလူနီ၏ စေ့စပ်ပွဲအ ကြောင်းကို New York Post နေ့ စဉ်သတင်းစာကလည်းဖော်ပြခဲ့ သည်။ ဂျော့ခ်ျကလူနီ၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်စတန်းရိုဆန်ဖီးက ဂျော့ခ်ျ၏ ကိုယ်ရေးကိုယ်တာကိစ္စ အပေါ် မှတ်ချက်မပေးလိုကြောင်း New York Post သို့ ဧပြီ ၂၅ရက် တွင်ပြောကြားခဲ့သည်။

ဂျော့ခ်ျတို့ စုံတွဲသည် ပြီးခဲ့ သည့်နှစ် အောက်တိုဘာကတည်း က ချစ်ကြိုက်ခဲ့ကြသည်ဟု အမေ ရိကန်မီဒီယာများကဖော်ပြကြ သည်။၎င်းတို့နှစ်ဦးသည်နိုင်ငံတ ကာလူ့အခွင့်အရေးတက်ကြွလှုပ် ရှားမှုများတွင် စိတ်ဝင်စားသူများ ဖြစ်သည်။ ဂျော့ခ်ျကလူနီသည် ၁၉၉၃ ခုနှစ်တွင် ဇနီးဖြစ်သူတာလီယာ ဘယ်ဆမ်နှင့် ကွာရှင်းခဲ့ပြီးနောက် ယခုအချိန်ထိ အိမ်ထောင်မပြုဘဲ တစ်ကိုယ် တည်းနေထိုင်သော ဟောလိဝုဒ်မင်းသားကြီးဖြစ် သည်။
 

No comments:

Post a Comment

back to top