Tuesday, April 29, 2014

MAI လေယာဉ် ပြန်လည် ပြုပြင် ပြီးစီးပါက လေကြောင်းလိုင်းတွင် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမည် 

အပြည်ပြည် ဆိုင်ရာ   မြန်မာလေကြောင်းလိုင်း (MAI) နှင့် Golden Myanmar ရွှေမြန်မာ လေကြောင်း လိုင်းတို့ လေယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ရာ ယင်းလေယာဉ်ကို ပြန်လည်ပြုပြင်မည် ဖြစ်ပြီး ပြုပြင် ပြီးစီးပါက ခရီးစဉ်များကို ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။
ရွှေမြန်မာ လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းကို ရပ်နားထားသည့် နေရာမှ တခြားသို့ ရွှေ့ပြောင်းစဉ် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) ပိုင်ဆိုင်သည့် A 319. Airbus XY-AGR လေ ယာဉ် နှင့်  မတော်တဆ ထိခိုက်မှု ဖြစ်ပေါ်ခဲ့ရာ MAI လေယာဉ်၏  ဝင်ရောက် တိုက်ခံရသော အရှိန်ကြောင့် ၅ ဒီဂရီမှ ၁ဝ ဒီဂရီခန့် ညာဘက်သို့ တိမ်းစောင်း သွားကြောင်း၊ ပျက်စီးဆုံးရှုံးမှု အနေဖြင XY-AGR လေယာဉ်၏ ညာဘက်နောက်ပိုင်း Frame 62 မှ Frame 71 ညာဘက်ခြမ်း ညာဘက် တံခါးပေါက်၊ Nose Landing Gear, Main   Landing  Gear နှင့် Toilet No-2 တို့ပျက်စီးသွားကြောင်း၊ GMA လေယာဉ်မ Radome မှာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး Nose Section ပျက်စီးသွားကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) မှ သိရသည်။
ထို့ကြောင့် (MAI) မှ  ပိုင်ဆိုင်သည့် A 319. Air bus XY- AGR လေယာဉ်ကို ပြန်လည်ပြင်ဆင်ရန် အတွက် ဆောင်ရွက်လျက် ရှိရာ Airbus ကုမ္ပဏီ၏ ပညာရှင် ငါးဦးက  လာရောက် စစ်ဆေးမှု များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

''အခု Airbus ကုမ္ပဏီက လာပြီး စစ်ဆေးနေပါပြီ။ ပထမ မျက်မြင် စစ်ဆေးနေပါတယ်။ နောက်ကိုယ် ထည်တို့၊ ဘီးတို့ကို စစ်ဆေးပါမယ်။ အဲဒီလို စစ်ဆေးပြီး နှစ်ပတ်အကြာမှာ ပြင်ရင် ဘယ်လောက် ကျမယ် ဆိုတာ သိရမှာပါ။ သူတို့က ငါးဦး လာစစ်တာပါ။  ပြင်ဆင်စရိတ် ဘယ်လောက် ကုန်မလဲတော့ မသိဘူး။   အခုစစ်ဆေးခတင် အမေရိကန် ဒေါ်လာ သုံးသိန်းလောက် ကုန်နေပါပြီ'' ဟု  ၎င်းက ဆက်လက် ပြောသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့်  လက်ရှိအချိန်တွင် ပြည်တွင်း၊ ပြည်ပ အာမခံ ဌာနများနှင့် လေယာဉ် ထုတ်လုပ်သည့် Airbus  Company များသို့  ဆက်သွယ် အကြောင်းကြားပြီး လိုအပ်သည်များကို  ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးများကို တွက်ချက်နေ ဆဲ ဖြစ်ကြောင်း၊ လက်ရှိတွင် လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အာမခံ ထားရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူများက စစ်ဆေးလျက် ရှိကြောင်း၊  ယင်းလေယာဉ်ကို ပြန်လည်ပြုပြင်၍ ပြီးစီးပါက ခရီးစဉ်များကို ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

No comments:

Post a Comment

back to top