ဒီမိုကရေစီရရှိသော နှစ်(၂၀)မြောက် အခမ်းအနားပွဲ ကျင်းပခဲ့ သည့် တောင်အာဖရိကနိုင်ငံ
တောင်အာဖရိကနိုင်ငံဟာ နိုင်ငံရဲ့ ပထမဆုံး လူမျိုးပေါင်းစုံ
ပါဝင်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ နှစ် (၂၀)နှစ်မြောက် အခမ်းအနား ပွဲကို
ပြုလုပ်ခဲံတယ်လို့ သိရပါတယ်။အခမ်းအနားပွဲ တစ်ခုကိုတော့ တနင်္ဂနွေနေ့က နိုင်ငံရဲ့ မြို့တော်
ပရီတိုးရီးယားမြို့မှာရှိတဲ့ အစိုးရ အဆာက်အဦးရှေ့မှာ
ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ပွဲကျင်းပခဲ့တဲ့ အဆောက်အသီးဟာ နယ်ဆင်လ်မန်ဒယ်လား
ပထမဆုံး လူမည်းသမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ၁၉၉၄ ခုနှစ်မှာ
သူ့ရဲ့ ပထမဆုံး မိန့်ခွန်းဟောပြောရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။
သူဟာ လူမျိုးရေးခွဲခြားမှုကို တိုက်ထုတ်ခဲ့သလို အာဖရိကအမျိုးသား
ကွန်ဂရက်ကို အာဏာရရှိလာအောင် ကူညီခဲ့ပါတယ်။ အခမ်းအနားပွဲအတွင်း လက်ရှိ
တောင်အာဖရိက သမ္မတ" ဂျာကော့ဇူးမား " က ဒီနေ့ဟာ နေ့ထူးနေ့မြတ်ဖြစ်ပြီး
တောင်အာဖရိက နိုင်ငံဟာ လွတ်လပ်ပြီး ဒီမိုကရေစီ ရရှိ တဲ့နေ့
ဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် အောင်အာဖရိက
အလံသယ်ဆောင် လာတဲ့သူတွေဟာ သီချင်းတွေသီဆိုပြီး ကခုန်ခဲ့ကြပါတယ်။
ပါဝင်သူတစ်ဦးက လူမျိုးရေးခွဲခြားမှု ကာလအတွင်း လူမည်းတွေဟာ ဒီလို
အခမ်းအနားပွဲတွေမှာ ပါဝင်ခွင့် မရကြကြောင်း၊
လွန်ခဲ့တဲ့နှစ်(၂၀)ကာလအတွင်း တောင်အာဖရိကနိုင်ငံမှာ အပြောင်းအလဲများ စွာဖြစ်ပေါ်ခဲ့ပြီး အလုပ်လက်မဲ့နှုန်းနဲ့ တန်းတူအခွင့်အရေး မရရှိမှုစတဲ့
ပြဿနာပေါင်းများစွာ ဆက်လက် ကျန်ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်
နိုင်ငံဟာ ရှေ့ဆက်လက် သွားရမယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
လက်ရှိအာဏာရပါတီဖြစ်တဲ့ ANC ဟာ အကျင့်ပျက် ခြစား မှုတွေကြောင့်
ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒီလို အကျင့်ပျက်ခြစားမှု တွေကြောင်း
လာမယ့်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေရဲ့ ရလဒ်ကို အကျိုးသက်ရောက်ဖွယ်
ရှိနေကြောင်းလည်း သိရပါသည်။
No comments:
Post a Comment