Monday, April 28, 2014

အမေရိကန်ပြည်နှင်ဒဏ်က လွတ်မြောက်သွားတဲ့ ဂျပ်စတင်ဘီဘာ

 






ကမ္ဘာကျော်လူငယ် ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီ ဘာအား လက်ရှိနေထိုင်ရာ အ မေရိကန်နိုင်ငံမှ ၎င်း၏ ဇာတိ ကနေဒါ နိုင်ငံသို့ ပြန်လည်နှင် လွှတ်ရန်ဟူသော အွန်လိုင်းအသနားခံ စာကို အိမ်ဖြူတော်အရာရှိ များက ပယ်ချလိုက်သည်။

ယခုနှစ် ဇန်န၀ါရီက သောက်စားမူးယစ်မောင်းနှင်မှုဖြင့် ဖမ်းဆီးခံရသော ဂျပ်စတင်ဘီဘာထံ မှ အမေရိကန်ပြည် ၀င်ခွင့်ဗီဇာ ကို ပြန်လည်ရုပ်သိမ်းပေးရန် လူပေါင်း ၂၇၃,၀၀၀ ကျော်က အိမ်ဖြူတော် တရားဝင် ၀က်ဘ်ဆိုက် We The People တွင် တောင်း ဆိုခဲ့ကြသည်။ 

 တောင်းဆိုမှု တစ်သိန်းပြည့် လျှင် အသနားခံစာကို ပြန်လည် သုံးသပ်ရန် သဘောတူထားသည့် အိမ်ဖြူတော်အရာရှိများက ဂျပ်စ တင်ဘီဘာအား ပြည်နှင်ဒဏ်ပေး ရေးကိစ္စအပေါ် မှတ်ချက်ပေးလိမ့် မည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့ သည်။

‘‘စိတ်မကောင်းပါဘူး။ ဂျပ် စတင်ဘီဘာကိစ္စအပေါ် ဘာမှတ် ချက်မှပေးမှာမဟုတ်ပါဘူး။ ဘီ ဘာကိစ္စကို မှတ်ချက်ပေးဖို့ တ ခြားလူတွေကို တာဝန်ပေးပါလိမ့် မယ်။ လူဝင်မှုကိစ္စတွေကို ပြည် သူတွေ ဂရုစိုက်တဲ့ အတွက် ၀မ်း သာပါတယ်’’ ဟု အိမ်ဖြူတော် ၀က်ဘ်ဆိုက်က ဖော်ပြသည်။

အမေရိကန်အစိုးရသည် ဂျပ်စတင်ဘီဘာအား ပြည်နှင် ဒဏ်ပေးရန်တောင်းဆိုမှုကို ပယ် ချခဲ့ပြီးနောက် ဂျပ်စတင်ဘီဘာ ပရိသတ်များ စိတ်သက်သာရာ ရသွားလိမ့်မည်ဟု နယူးယောက် မြို့ အခြေစိုက် IBT သတင်းက ဖော်ပြသည်။

No comments:

Post a Comment

back to top