Monday, April 28, 2014

မလေးရှား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ဘက်စုံ ပူးပေါင်းဆောင် ရွက်ရန် အဆင့်တိုးမြှင့်မည်

မလေးရှားနှင့် အမေရိကန်နိုင်ငံတို့ကြား နှစ်နိုင်ငံ ဆက်ဆံရေးကို ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးသို့ အဆင့်တိုးမြှင့် ရန် သဘောတူလိုက်သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာ ဇက်က ပြောသည်။ ယခုသဘောတူညီမှုမှာ စီး ပွားရေး၊ လုံခြုံရေး၊ ပညာရေး၊ သိပ္ပံ၊ နည်းပညာနှင့် အခြားသော နယ်ပယ်များ တွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု နှင့်အတူ အမေရိကန်နှင့် မလေးရှား ဆက်ဆံရေး အတွင်း ပြောင်းလဲတိုးတက်မှုအသစ်တစ်ရပ်ဖြစ်သည်ဟု ရာဇက်က ပြောကြားသည်။
ကန်သမ္မတ ဘားရက်အို ဘားမားသည် မလေးရှားနိုင်ငံသို့ သုံးရက်ကြာခရီး ရောက်ရှိနေပြီး နှစ်ပေါင်း ၅၀ အတွင်း ကန်သမ္မတ တစ်ဦး၏ ပထမဆုံး မလေးရှား ခရီးစဉ်လည်းဖြစ်သည်။
၎င်း၏ ကွာလာလမ်ပူမြို့ ခရီးစဉ်အတွင်း အကျဉ်းချခံထား ရသည့် အတိုက်အခံခေါင်းဆောင် အန်နဝါအီဗရာဟင်ကို တွေ့ဆုံ မည်မဟုတ်ဟူသော ဆုံးဖြတ်ချက်ကိုလည်း အိုဘားမားက ကာကွယ်ပြော ဆိုသည်။
မိမိ၏ဆုံးဖြတ်ချက်မှာ စိုးရိမ်ပူပန်မှုမရှိဟု ဆိုလိုခြင်းမဟုတ် ကြောင်း၊ မိမိနှင့် ဝန်ကြီးချုပ် နာဂျစ်ရာဇက်တို့ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အိုဘားမားက ပြောသည်။
အမေရိကန်နှင့် မလေးရှား နိုင်ငံတို့မှာ ပူးပေါင်းဆောင်ရွက် ရေး ခေတ်သစ်တစ်ခေတ်၏ အစ တွင် ရောက်ရှိနေသည်ဟု အိုဘားမားက ပြောသည်။
၎င်း၏ငယ်ဘဝ အချို့သော အချိန်များအား အိမ်နီးချင်းအင်ဒိုနီးရှားနိုင်ငံတွင် ကုန်ဆုံးခဲ့ဖူးသည့် အိုဘားမား က ပြည်သူများရပိုင် ခွင့်ကို လေးစားသော လူ့အဖွဲ့အ စည်းများ ၂၁ ရာစုတွင် ပိုမိုအောင်မြင် လိမ့်မည်ဆိုသော ရာဇက်၏ အလေးအနက်ယုံကြည်မှုအပေါ် ထောက်ခံသည်ဟု ပြောကြားသည်။
ယခုသီတင်းပတ်နှောင်းပိုင်း တွင် အန်နဝါထံသို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူ ဆန်ရိုက်စ် သွားရောက်တွေ့ဆုံ ရန် စီစဉ်ထားသည်။
အိုဘားမားသည် ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကာ ဂျပန်နှင့် တောင်ကို ရီးယားနိုင်ငံများသို့ ရောက်ရှိခဲ့ပြီး နောက် မလေးရှားနိုင်ငံသို့ ဧပြီ ၂၆ ရက်တွင် ရောက်ရှိလာခြင်းဖြစ် သည်။

No comments:

Post a Comment

back to top