Monday, April 28, 2014

ဘာစီလိုနာ အိုးပင်း ကွာတားအဆင့်သို့ နာဒယ်လ် တက်ရောက်



















စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပလျက် ရှိသည့် အမျိုးသားအေတီပီ တင်းနစ်ပွဲစဉ်တွင် ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ်က ပြိုင်ဘက် တင်းနစ်ကစားသမား အီဗန်ဒိုဂစ်အား အနိုင်ရယူကာ နောက်ဆုံး ရှစ်ဦးအဆင့်သို့ တက်ရောက် သွားခဲ့သည်။ပြိုင်ပွဲ၏ နိုင်ခြေအဆင့်(၁)အဖြစ် သတ်မှတ်ခံထားရသည့် နာဒယ်လ်သည် နိုင်ခြေအဆင့် သတ်မှတ်ခံရခြင်း မရှိသည့် ခရိုအေးရှား တင်းနစ်ကစားသမား ဒိုဂစ်အား နှစ်ပွဲပြတ်ရလဒ် (၆-၃) (၆-၃) ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲကျင်းပရာ တင်းနစ်ကွင်းတွင် နာဒယ်သည် ၁၁ နှစ်ဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ ၂၀၁၀ ခုနှစ်တွင် မောပန်းမှုကြောင့် ပြိုင်ပွဲအား ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့သည့် ပြိုင်ပွဲတစ်ပွဲမှ လွဲ၍ ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၀င်ရောက် ယှဉ်ပြိုင်သမျှ ပြိုင်ပွဲအားလုံးတွင် ဗိုလ်စွဲထားနိုင်ခဲ့သည့် နာဒယ်လ်သည် တည်ငြိမ်သည့် လက်စွမ်းအား ပြသနေခဲ့ကြောင်းလည်း တွေ့ရှိရသည်။ ကွာတားဖိုင်နယ် အဆင့်တွင် နာဒယ်လ်သည် ယမန်နှစ်က ဗိုလ်လုပွဲစဉ်တွင် အနိုင်ရရှိထားသည့် စပိန်တင်းနစ် ကစားသမား နစ်ကိုလတ်စ်အယ်လ်မာဂရိုနှင့် တွေ့ဆုံရမည်ဖြစ်ပြီး နောက်ဆုံး တွေ့ဆုံစဉ်က (၆-၄) (၆-၃) ဖြင့် အနိုင်ရရှိထားကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

back to top