အနုပညာလောကထဲကို
မော်ဒယ်တစ်ယောက်အနေနဲ့ဝင်ရောက်လာသော အဆိုတော်နန်းသူဇာက လတ်တလော အနုပညာလှုပ်ရှားမှုတွေနှင့်မတ်သက်ပြီး
"လတ်တလောမှာတော့ သီချင်းတွေကို ဆိုဖြစ်နေတယ်။ အဆိုပါ ဘက်ကို ပြောင်းဖို့ပေါ့။ နန်းမြတ်ဖြိုးသင်းနဲ့
အခွေအတွက် အမ်တီဗွီတွေကို ရိုက်ဖို့တော့ရှိပါတယ်။ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်မယ်ဆိုရင်
ပရိသတ်တွေ သိရှိတဲ့ ပေါ့ပ်သီချင်းတွေသိရှိဖို့လိုမယ်။ အဲဒါမှ စင်ပေါ်မှာဖျော်ဖြေရတာ အဆင်ပြေနိုင်မယ် ပုံစံမျိုးရှိတယ်" ဟုပြောသည်။
အဆိုတော်တစ်ယောက်အနေဖြင့်
ရပ်တည်မည်ဆိုရင်လိုအပ်ချက်တွေနှင့် ပတ်သက်ပြီး "အဆိုတော် တစ်ယောက်အတွက်ကတော့ လိုအပ်ချက်တွေကလည်းအများကြီးရှိတယ်။
ဘာလို့လည်းဆိုတော့ အဓိက ကိုယ့်သီချင်းတွေကောင်းဖို့လိုမယ်။ ကိုယ့်သီချင်းတွေကကောင်းပါတယ်၊
ဒါပေမယ့် နောက်ထပ်အသစ် မထွက်လာရင်တော့ ပရိသတ်တွေက လက်ခံမှာမဟုတ်ဘူး။ လက်ရှိအချိန်မှာတော့
သီချင်းသစ်တွေကို ဖန်တီးပေးဖို့ကတော့လိုအပ်နေတယ်။ ပရိသတ်တွေကိုအဆိုနဲ့ ပတ်သက်ပြီး အကောင်းဆုံးတော့ ချပြချင်တယ်။
မော်ဒယ်တစ်ယောက်ကနေ အဆိုတောဘက် ကိုပြောင်းရတယ်ဆို တာကလဲ ကိုယ့်ဝါသနာကြောင့်နဲ့လဲ ဆိုင်ပါတယ်"
ဟု ၄င်းကဆက်လက်ပြောကြား ခဲ့သည်။

No comments:
Post a Comment