Monday, April 28, 2014

လှပသော ပြည်ထောင်စု

ချစ်ခြင်းဟာ မြစ်တစင်းဆိုရင်

စစ်ခင်းဖို့ မလို။

မြစ်ရေကို မျှသောက်

ဝမ်းမီးတောက်နေတာတွေ ငြိမ်းပါစေ။

ကောက်နေတဲ့ စိတ်တွေဖျောက်

ပျောက်နေတဲ့  လူတွေရှာ

လက်ဝါးကြီးတွေသာ ဘေးဖယ်ထား

လူတန်းစား မခွဲခြား

အတူတူ ခရီးသွား။

အမှားကို လည်းသိ

အမှန်ကို လည်းညှိနိုင်မှ

ပြည်ထောင်စု ပန်းခိုင်

လှမ်းကိုင်နိုင်မည်။

No comments:

Post a Comment

back to top