Monday, April 28, 2014


ဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဧပြီလ (၂၇) နံနက် ၈ နာရီက အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည် ။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးတင်အောင်မှ လမ်းညွှန် ဆွေးနွေးခြင်းဖြင့် စတင်ဖွင့်လှစ်ပေးခဲ့သည် ။
ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီ၊ ဒဂုံအရှေ့မြို့နယ်ပါတီ ကော်မတီအဖွဲ့ ရပ်ကွက်/ကျေးရွာ ပါတီကော်မတီဝင်များမှ ပါဝင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ အခမ်းအနားသို့ ပါတီဝင် ဦးရေ ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။



No comments:

Post a Comment

back to top