ဝါရင့် မင်းသားကြီး ဂျော့ကလူနီနှင့် ဗြိတိန်မှ အမျိုးသမီး ရှေ့နေ အေမယ်လ်အယ်လ်လာမက်ဒင် တို့စေ့စပ်
ကမ္ဘာကျော် တောလီးဝုဒ် မင်းသားကြီးဂျော့ကလူနီသည် ၎င်း၏ ချစ်သူ ဗြိတိန် ရှေ့နေတစ်ဦး ဖြစ် သည့်
အေမယ်လ်အယ်လ် လာမက်ဒင်နှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းဌာနများ၏
ဖော်ပြချက်အရ သိရသည်။ ဂျော့ကလူနီနှင့် အေမယ်လ်အယ်လ် လာမက်ဒင်တို့
ချစ်သူစုံတွဲသည် လော့စ်အိန်ဂျလိစ်မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင်
၎င်းတို့၏ သူငယ်ချင်းများနှင့်အတူ စေ့စပ်ပွဲ ကျင်းပခဲ့ကြောင်း အတွင်းသိ
တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ People မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ဂျော့နှင့် အေမယ်လ်တို့ နှစ်ဦးသည် ၎င်းတို့၏
စေ့စပ်မင်္ဂလာ သတင်းကို ဖုံးကွယ်ထားလိုခြင်း မရှိကြောင်း အဆိုပါ အတွင်းသိ
တစ်ဦးက ပြောကြားထားသည်။ မင်းသား ဂျော့၏ စေ့စပ်မင်္ဂလာ သတင်းကို အတည်ပြု
နိုင်ရန် ရိုက်တာ သတင်းဌာနက ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတန်ဂိုဆန်ဖီးလ်ထ် ကို
မေးမြန်း ခဲ့သော်လည်း စတန်က မင်းသား၏ ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်၍
ထင်မြင်ချက် တစ်စုံတစ်ရာ မပေးလိုကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ဂျော့တို့ ချစ်သူစုံတွဲသည် ပြီးခဲ့သည့်
အောက်တိုဘာလကတည်းက စတင် ချစ်ကြိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဂျော့၏ချစ်သူ
အေမယ်လ်သည် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ရှေ့နေတစ်ဦး အဖြစ်
ဆောင်ရွက်နေသူ ဖြစ်ပြီး ဂျော့သည်လည်း လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦး
ဖြစ်သည်။
အော်စကာဆု နှစ်ဆုပိုင်ရှင် ဂျော့သည်
တစ်ကြိမ် လက်ထပ်ခဲ့ဖူးသူ ဖြစ်ပြီး သူ၏ ဇနီးဟောင်းနှင့် ၁၉၉၃ ခုနှစ်က
ကွာရှင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment