ရွှေပြည်သာမြို့နယ် မီးသတ်ရေလှောင်ကန်ဖွင့်ပွဲသို့ လွှတ်တော်
ကိုယ်စားလှယ်များ တက်ရောက်
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် (၁၀) ရပ်ကွက်တွင် နိုင်ငံတော်က ပံ့ပိုးသော ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေ (ကျပ်သိန်း ၁၀၀၀ မှ ငွေကျပ် ၃၇ သိန်း၊ ရပ်ကွက် ပြည်သူများ၏ထည့်ဝင်ငွေ ကျပ် ၁၃ သိန်း စုစုပေါင်း ငွေကျပ် သိန်း ၅၀ ကုန်ကျသည့် အလျားပေ ၁၂၀ x အနံပေ ၁၂၀ နှင့် အနက် ၂၂ ပေရှိ သောက်သုံးရေနှင့် မီးသတ်ရေလှောင်ကန် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၆ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၊ မြို့နယ်ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦး၊ ဒုဦးစီးမှူး ဦးဇေလတ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသိန်းဝင်း၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးထိန်ဝင်း၊ ဦးသက်နိုင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ ရပ်ကွက် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ အထောက် အကူပြု အဖွဲ့များ၊ ရပ်မိရပ်ဖများက အိုးစည်ဒိုးပတ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့ ကြောင်း သိရသည်။
No comments:
Post a Comment