Wednesday, April 2, 2014

မြန်မာ တစ်နိုင်ငံလုံး ကွန်ရက် ချဲ့ထွင်မှုကို Ericsson က ထောက်ပံ့ ကူညီပေးမည် 

Ericsson (NASDAR:ERIC) သည် Telenor ၏ ပြည်တွင်း မိုဘိုင်းလ် ကွန်ရက် ဖွံ့ဖြိုးမှု တိုး တက်အောင် ဆောင်ရွက်ရန် အတွက်Network Supplier နှင့် Managed Services Provider အဖြစ် ပါဝင်လာပြီ ဖြစ်ကာ  မြန်မာ တစ်နိုင်ငံလုံး ကွန်ရက် ချဲ့ထွင်မှုကို ထောက်ပံ့ ကူညီပေးရန် Multivendor Managed Services အတွက် ငါးနှစ်သက်တမ်း လုပ်ကိုင်ခွင့် ရရှိကြောင်း Ericsson က မတ် ၃၁ ရက်က ထုတ်ပြန် ကြေညာလိုက်သည်။ Ericsson ၏ Multi-standard Network Solution ကို အနာဂတ် လိုအပ်ချက်များအတိုင်း အဆင့်မြှင့် (Upgrade) နိုင်မည့် 2G နှင့် 3G ပစ္စည်းကိရိယာ တပ်ဆင်ပေးမှုများနှင့် အတူ Network ဖြန့်ကြက်မှုတွင်ပါ အသုံးပြုမည် ဖြစ်သည်။ လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ သန်း ၆ဝ ကျော်၏ ၉ဝ ရာခိုင်နှုန်းကို Telenor ၏ မြန်မာပြည် Network အနေဖြင့် ရရှိထားရန် ရည်မှန်းထားကာ Multi-standard Network သည် သုံးစွဲသူ Customer များအား 2G နှင့် 3G နှစ်မျိုးစလုံး ပါဝင်သည့် အသံ အရည်အသွေး အထူး ကောင်းမွန်ပြီး အင်တာနက် ချိတ်ဆက်မှု မြန်နှုန်းမြင့် Network ဖြစ်သည်။ Ericsson  သည် Multi-standard Network Solution ကို အသုံးပြုပြီး RAN များကို စရိတ်ကုန်ကျမှု အနည်းဆုံးဖြင့် Operator များ သုံးစွဲနိုင်ရန် ဆောင်ရွက် ပေးနိုင်မည်ဟု သိရသည်။
Network ဖြန့်ကြက်နိုင်အောင် ပြင်ဆင်သောအားဖြင့် ပြည်တွင်း ဝန်ထမ်းခန့်ထားမှုများကို လာမည့် လ အနည်းငယ် အတွင်း ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ခန့်ထားပြီးသူများ အတွက် သင်တန်း ပေးခြင်း၊ တိုးတက်အောင် ဆောင်ရွက်ခြင်းများကို မကြာမီ လများအတွင်းက ရင်းနှီးမြှုပ်နှံမှု တစ်ရပ် အဖြစ် ဆောင်ရွက်ခဲ့ကြောင်း Ericsson က ထုတ်ပြန် ကြေညာခဲ့သည်။ မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများ ကြောင့်အလုပ်အကိုင် ခန့်ထားနိုင်မှု အပေါ် သက်ရောက်မှု ရှိပုံကိုလည်း လေ့လာခဲ့ရာ မိုဘိုင်းလ် ဆက်သွယ် ရေးလုပ်ငန်းမှ မြန်မာနိုင်ငံတွင် အချိန်ပြည့် ဝန်ထမ်းပေါင်း ၆၆ဝဝဝ ခန့်ကို အလုပ် ခန့်အပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် မိုဘိုင်းလ် Network Operator များနှင့် ချိတ်ဆက် ဆောင်ရွက်ရသည့် တခြား စီးပွားရေး နယ်ပယ် များတွင် အလုပ်အကိုင် အခွင့်အလမ်း အဖြစ် အချိန်ပြည့် ဝန်ထမ်း ၂၄ဝဝဝ ကို ထပ်မံ ခန့်ထားနိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

 

No comments:

Post a Comment

back to top