ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင် သော်လည်း ကမ္ဘာ့ဖလားကို လွဲချော်မည့် ဗဲလ်ဒက်စ်
စပိန်နှင့် ဘာစီလိုနာအသင်း ဂိုးသမား ဗဲလ်ဒက်စ်သည်
ဒူးဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ခုနစ်လကြာ
အနားယူရမည်ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို လွဲချော်မည် ဖြစ်ကြောင်း
သိရသည်။ အသက်၃၂နှစ် အရွယ်ရှိ အဆိုပါ ဂိုးသမားသည် ယခုနွေရာသီ ကမ္ဘာ့ဖလားကို
လွဲချော်မည် ဖြစ်သည်။ ဗဲလ်ဒက်စ်သည် ပြီးခဲ့သော တနင်္လာနေ့တွင် ဂျာမနီ၌
ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ဘာစီလိုနာအသင်းက ၎င်းကစားသမားသည် အနည်းဆုံး
အောက်တိုဘာလအထိ အနားယူရမည်ဟု အတည်ပြု ကြေညာခဲ့သည်။ ဗဲလ်ဒက်စ်သည် ယခုနွေရာသီ
စာချုပ်သက်တမ်း ကုန်ဆုံးသည့် အချိန်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာမည်
ဖြစ်သည်။ “ဒူးအတွင်းရှိ အရိုးနုကို ချုပ်ခဲ့ရပြီး ခွဲစိတ်ကုသမှုသည်
အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ ဗဲလ်ဒက်စ်သည် ခုနစ်လနီးပါး အနားယူရမည်
ဖြစ်သည်”ဟု ဘာစီလိုနာ အသင်း၏ ကြေညာချက်တွင် ပါရှိခဲ့သည်။ ပြီးခဲ့သော
နွေရာသီတွင် ဘာစီလိုနာအသင်းမှ ထွက်ခွာရန် ၎င်း၏ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သော
ဗဲလ်ဒက်စ်သည် ဘာစီလိုနာအသင်းအတွက် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က
ပွဲဦးထွက် ကစားခဲ့ချိန်မှစ၍ ၅၃၅ပွဲ ပွဲထွက်ကစားခဲ့သည်။ ၎င်းကစားသမားသည်
လာလီဂါဖလား ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလား သုံးကြိမ်နှင့် ကိုပါဒယ်ရေး
ဖလားနှစ်ကြိမ် ရယူခဲ့သည်။ ဗဲလ်ဒက်စ်သည် ၂၀၁၀ကမ္ဘာ့ဖလားနှင့် ၂၀၁၂
ယူရိုဖလားတို့ကို ရယူခဲ့သော စပိန်အသင်းတွင် ပါဝင်ခဲ့သည်။
No comments:
Post a Comment