Wednesday, April 2, 2014


နေ့စားလပေး ဆွဲခန့်ဆရာ၊ ဆရာမများကို ပညာရေးကောလိပ် များတွင် ဆရာအတတ်ပညာ ပို့ချပြီး မူလတန်းပြရာထူး ခန့်အပ်မည်
၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စိစစ်ခန့်အပ်ခဲ့သည့် နေ့စားလပေး ဆရာ၊ ဆရာမများ အတွက် နွေရာသီ ကျောင်းပိတ်ရက်များတွင် ပညာရေးကောလိပ်များ၌ ဆရာအတတ် ပညာသင်တန်း များ ပို့ချပြီး မူလတန်းပြရာထူး ခန့်အပ်သွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။
ထို့ပြင် အခြေခံပညာကျောင်းများ၌ ကျောင်းဆရာဦးရေ များပြားလာစေရေးအတွက် တက္ကသိုလ် ၀င်တန်း အောင်မြင်ထားသည့် အမျိုးသားများအား အခြေခံပညာကျောင်းများတွင် အထွေထွေလုပ်သား များ အဖြစ် ခန့်အပ်ခဲ့ပြီး မူလတန်းပြ စာပေး၊ စာယူသင်တန်း တက်မြောက်ပြီးဆုံးပါက မူလတန်းပြ ဆရာများ အဖြစ် ရည်ရွယ်ကာ တိုးမြှင့်ခန့်အပ်နိုင်ပြီး ဆွဲခန့်ဆရာ၊ ဆရာမများအား ရာထူးတိုး ခန့်အပ်နိုင် မည်ဖြစ်သည်။
အဆိုပါ နေ့စားလပေး ဆွဲခန့်ဆရာ၊ ဆရာမများအား နွေရာသီကျောင်းပိတ်ရက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ ဆရာအတတ်ပညာအား တစ်နိုင်ငံလုံးအတိုင်း အတာအရ နိုင်ငံတစ်ဝန်းရှိ ပညာရေးကောလိပ် များတွင် သင်တန်းပို့ချပြီးသွားမည် ဖြစ်သည်။  
အဆိုပါ စိစစ်ခန့်အပ်ခဲ့သည့် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနအောက်တွင် နေ့စား၊ လပေး ဆရာ၊ ဆရာမ ၂၄၄၀၇ ဦး၊ အမှတ်(၂)အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမ ၂၅၅၇၁ ဦး၊ အမှတ်(၃) အခြေခံပညာဦးစီးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမ ၂၇၈၃ ဦးအား သြဂုတ် ၁ ရက်တွင် သက်ဆိုင်ရာ တာဝန်ကျသည့် အခြေခံပညာ ကျောင်းများအလိုက် ယာယီလုပ်ငန်းခွင် ၀င်ရောက်ခဲ့ခြင်းဖြစ် သည်။
ထို့ပြင် ပညာရေးကောလိပ်များ၌ ဆွဲခန့်ဆရာ၊ ဆရာမများအား တစ်လတာ ဆရာအတတ်ပညာပို့ချပြီး ဆရာ အတတ်သင် သင်တန်းဆင်းလက်မှတ် ရရှိပြီးပါက မူလတန်းပြဆရာအဖြစ် လည်းကောင်း၊ အလယ် တန်းပြ ဆရာအတတ်ပညာသင်တန်း တတ်မြောက်ပြီးဆုံးပါက အလယ်တန်းပြ ဆရာမများ အဖြစ် ရေရှည် ခန့် အပ်သွားမည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာများတွင် ကျောင်းဆရာ လိုအပ်ချက် ပိုများနေသည့် ဒေသခံဘွဲ့ရများအား မိမိဒေသရှိ ကျောင်းများ၌ ကျောင်းဆရာ၊ ဆရာမများ အဖြစ် ခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ပြီး ခန့်အပ်လိုက်ခြင်းအားဖြင့် ဒေသအားစွန့်ခွာရန် မလိုဘဲ မိမိဒေသ၌ အလုပ် အကိုင် ရရှိစေရန် ရည်ရွယ်ကာ နေ့စား၊ လပေး ဆရာ၊ ဆရာမ ငါးသောင်းကျော်အား စိစစ်ခန့် အပ်ခဲ့ပြီး အထွေ ထွေလုပ်သားတို့အပြင် ဆွဲခန့်ဆရာ၊ ဆရာမများအား ခွဲခြားအဆင့်အလိုက် သတ်မှတ် ထားသော နယ်မြေ ဒေသတွင် စတင်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 

No comments:

Post a Comment

back to top