တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၆ ဦး သေဆုံး
တရုတ်နိုင်ငံတောင်ပိုင်း
တွင် ရေကြီးခြင်းနှင့် မြေပြိုခြင်း များ ဖြစ်စေခဲ့သော မိုးရွာသွန်း
ခြင်းနှင့် မိုးသီးမုန်တိုင်း တိုက်ခတ် ခြင်းတို့ကြောင့် အနည်းဆုံး လူ
ပေါင်း ၁၆ ဦးသေဆုံး ခဲ့ပြီးနှစ်ဦး ပျောက် ဆုံးနေဆဲဖြစ်သည်ဟု တ ရုတ်အစိုးရက
မတ်လ ၃၁ ရက် တွင် ပြောကြားသည်။
တရုတ်နိုင်ငံတောင်ပိုင်းဒေ သများတွင် မတ်လ ၂၈ ရက်မှစ ၍ ရာသီဥတုအခြေအနေ
ပြင်း ထန်ခဲ့ပြီး ဧပြီ ၂ ရက်အထိ ယင်း ရာသီဥတုအခြေအနေ ဆက် လက်ရှိနေဦးမည်ဟု
တရုတ်မိုးလေ၀သဌာန က ပြောကြား သည်။ ယခုနှစ် နွေဦးရာသီအတွင်း ပထ မဆုံးအကြိမ်
မိုးသည်းထန်စွာ ရွာသွန်း၍ လူများသေဆုံးခြင်း ဖြစ် သည်ဟု တရုတ်အရာရှိများက
ပြောကြားသည်။
ဂွမ်ဒေါင်းဒေသရှိ မြို့အချို့ တွင် လေယာဉ်ခရီးစဉ်များ ယာ ယီရပ်ဆိုင်းထားရပြီး စာသင် ကျောင်းများလည်း ပိတ်ထားရ သည်။ဂွမ်စီဒေသရှိ မိုင်းတွင်း တစ်ခု၌ မြေပြိုမှုဖြစ်၍ ကယ်ဆယ် ရှာဖွေရေးများ
လုပ်ဆောင်လျက် ရှိသည်ဟု တရုတ်နိုင်ငံပိုင်ဆင် ဟွာ သတင်းက ဖော်ပြခဲ့သည်။
မတ်လ ၃၀ ရက်တွင် ဟောင်ကောင်၌ အကြီးအကျယ် ရေကြီးခဲ့ပြီး မိုးသီးများကြွေ ကျ ခြင်းကြောင့် ဈေးဝယ်စင်တာပြ တင်းပေါက်မှန်များ ကွဲခဲ့သည်။
သေဆုံးသူများမှာ တရုတ် ပြည်မကြီးမှဖြစ်ပြီး ဂွမ်ဒေါင်းဒေ သတွင် လူ
ခုနစ်ဦး သေဆုံးပြီး တရုတ်နိုင် ငံတောင်ပိုင်းဒေသလေးခု တွင် လူနှစ်ဦးစီ
သေဆုံးခဲ့ကာ ဂွမ်စီဒေသတွင် လူတစ်ဦး သေဆုံး ခဲ့သည်။
ရှန်ကျန်းမြို့တွင် လေ ယာဉ်ခရီးစဉ် ၂၀၀ ကျော်ကို ဖျက် သိမ်းခဲ့ပြီး
အနီရောင်အဆင့်ရှိ မိုး သက်မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။
No comments:
Post a Comment