ဂျပန်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံဆွေးနွေးပွဲ အပြုသဘောဖြင့် အဆုံးသတ်
ဂျပန်နှင့်မြောက်ကို
ရီးယားနိုင်ငံတို့အကြား အစိုးရအ ဆင့် ဆွေးနွေးပွဲသည် မတ်လ ၃၁ ရက်တွင်
တရုတ်နိုင်ငံ ဘေဂျင်း မြို့၌ အပြုသဘောဆောင်သော လက္ခဏာဖြင့် အဆုံးသတ်ခဲ့သည်။၁၆ လအတွင်း ပထမအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေး ပွဲ၌ ဂျပန်နှင့်
မြောက်ကိုရီးယား နိုင်ငံမှ သံတမန်များ သည် မြောက် ကိုရီးယား၏ နျူကလီးယားလက်
နက်စီမံကိန်း အပါအ၀င် အ ကြောင်းအရာများစွာ ကို နှစ်ရက် ကြာ
ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင် ငံသံတမန်များ အစည်းအဝေးကို မတ်လ ၃၀ ရက်တွင်
တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မြောက်ကိုရီးယား သံရုံးနှင့် မတ်လ ၃၁ ရက်တွင်
ဂျပန်သံရုံးတို့၌ ကျင်းပခဲ့သည်။
မြောက်ကိုရီးယားအစိုးရ သည် တောင်ကိုရီးယားနှင့် နှစ်
နိုင်ငံဆက်ဆံရေးတင်းမာနေ သော်လည်း မကြာသေးမီလများ တွင် ၎င်းနှင့်
ဂျပန်နိုင်ငံဆက်ဆံ ရေးမှာ ပျော့ပျောင်းလာသည်ဟု ထင်မှတ်ရ သည်။ မြောက်ကိုရီး
ယားနှင့် ဂျပန်တို့သည် ပြီးခဲ့သည့် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်ဝန်း ကျင်တွင်
ဂျပန်နိုင်ငံသား ၁၃ ဦး ပြန်ပေးဆွဲခံရခြင်း ကိစ္စကို
ဘေဂျင်းမြို့တွေ့ဆုံပွဲ၌ ဆွေးနွေး ခဲ့ကြသည်။ မြောက်ကို ရီးယား သည် ၎င်း၏
သူလျှိုများကို ဂျပန် ဘာသာစကားနှင့် ယဉ်ကျေးမှု များ လေ့ကျင့်သင်ကြားပေးရန်
ဂျပန်နိုင်ငံသား ၁၃ ဦးအား ပြန် ပေးဆွဲခဲ့သည်။ ပြန်ပေးဆွဲခံရသူ ငါးဦးကို
ဂျပန်နိုင်ငံ သို့ ပြန်ခွင့်ပြု ခဲ့ ကြောင်းနှင့် အခြားရှစ်ဦးမှာ သေ
ဆုံးသွားပြီဖြစ်ကြောင်း မြောက်ကို ရီးယားက ပြောကြားသည်။
မြောက်ကိုရီးယားသည် ပြန် ပေးဆွဲခြင်း ကိစ္စရပ်ကို မငြင်းဆန် ဘဲ
ဆွေးနွေးခဲ့ကြောင်းနှင့် ကိုရီး ယားအပေါ် ဂျပန်တို့၏ ကိုလိုနီပြု စဉ်က
လျော်ကြေးပေးရေးကိစ္စကို ထပ်မံတောင်းဆိုခဲ့ကြောင်း ဂျပန်
နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဂျူနီချီ အီဟာရာက ပြောကြားသည်။ ဂျပန်နှင့်
မြောက်ကိုရီးယားအစိုး ရအဆင့် ဆွေးနွေးမှု များကို တ ရုတ်နိုင်ငံရှိ
နှစ်နိုင်ငံသံရုံးများတွင် ဆက်လက်ပြုလုပ်မည်ဟု ၎င်းက ပြောကြား သည်။
မြောက်ကိုရီး ယားသည် ဂျပန်နိုင်ငံနှင့် တရား ၀င်ဆက်ဆံရေးရှိလျှင် ၎င်းအ တွက်
စီးပွားရေး အကျိုးအမြတ် များစွာ ရနိုင်သည်ဟု လေ့လာသုံး သပ်သူများက
ပြောကြားသည်။
No comments:
Post a Comment