စိန်ခေါ်သူ အဲလက်စ်လီယာပိုင်ကို ကလစ်ရှ်ကို အလဲထိုး အနိုင်ယူတဲ့ သတင်း

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ၀လာဒီမာကလစ်ရှ်ကိုဟာ စနေနေ့က ဂျာမနီနိုင်ငံ၊ ဒက်ဆယ်ဒေါ့ဖ်မြို့မှာ စိန်ခေါ်သူ ဆာမိုအာလက်ဝှေ့သမား အဲလက်စ်လီယာပိုင်ကို အလဲထိုးပြီး လက်ရှိချန်ပီယံ ရွှေခါးပတ်တွေကို ကာကွယ် သွားနိုင်ပါတယ်။ ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အကြိတ်အနယ် ရှိစေရမယ်လို့ ကစားသမားနှစ်ဦးစလုံးက ကတိပြုခဲ့ပေမယ့် တကယ်ထိုးတဲ့အခါမှာ ကလစ်ရှ်ကို,ကို အဲလက်စ်လီယာပိုင် ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ပဉ္စမအချီပြီးဖို့ (၅၈)စက္ကန့်အလိုမှာ ကလစ်ရှ်ကိုရဲ့ ဘယ်၊ညာတွဲလုံး လက်သီးကြောင့် အဲလက်စ်လီယာပိုင်ဟာ ကြိုးဝိုင်းပေါ် ပစ်လဲကျသွားပါတယ်။ ပွဲအပြီးမှာ ကလစ်ရှ်ကိုက နိုင်ပွဲကို ယူကရိန်း နိုင်ငံသားတွေအတွက် ရည်စူးကြောင်း ပြောသွားသလို ပွဲမတိုင်ခင်လည်း သူ့အစ်ကို ဗစ်တာလီကလစ်ရှ်ကိုရဲ့ဇနီး နာတာလီယာက ယူကရိန်း နိုင်ငံတော်သီချင်းကို သီဆိုခဲ့ပါသေးတယ်။ အခုပွဲ အနိုင်ရတာကြောင့် ကလစ်ရှ်ကိုရဲ့ ကစားသမားဘ၀ မှတ်တမ်းမှာ အလဲထိုးနိုင်ပွဲ (၅၃)ပွဲအထိ ရှိသွားပြီး နောက်ဆုံး (၁၀)နှစ်အတွင်း ရှုံးပွဲမရှိ မှတ်တမ်းသစ်ကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။
No comments:
Post a Comment