Tuesday, April 29, 2014

တရုတ်အိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲမှာ အလက်ဇန်းဒါး ဗိုလ်စွဲတဲ့ သတင်း





ဆုကြေးစုစုပေါင်း ဒေါ်လာ(၃ဒသမ၂)သန်း ချီးမြှင့်တဲ့ ဗော်ဗိုတရုတ်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲဟာ တနင်္ဂနွေနေ့က ရှန်ဇန်မြို့မှာ ကျင်းပပြီးစီး သွားပါတယ်။ ဒီပြိုင်ပွဲမှာ ပြင်သစ်ဂေါက်သီးသမား အလက်ဇန်းဒါးလဲဗီးက လေးရက်ပေါင်း (၂၆၉)ချက်နဲ့ ချန်ပီယံဆုကြေး ဒေါ်လာ(၅)သိန်း (၃)သောင်း ရသွားပါတယ်။ အသက်(၂၃)နှစ်ရှိ အလက်ဇန်ဒါးဟာ ပထမနေ့မှာ (၆၈)ချက်၊ ဒုတိယနေ့မှာ (၆၂)ချက်၊ တတိယနေ့မှာ (၇၀)ချက်နဲ့ နောက်ဆုံးနေ့မှာ (၆၉)ချက်ရိုက်ပြီး ဥရောပတိုး ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရသွားပါတယ်။ ဒုတိယဆုကိုတော့ အင်္ဂလန် ဂေါက်သီးသမား တော်မီဖလိဝုဒ်က (၇၀၊ ၆၈၊၆၇၊၆၈)ချက်နဲ့ လေးရက်ပေါင်း (၂၇၃)ချက်ရိုက်ပြီး ရသွားပါတယ်။ တတိယဆုကိုတော့ စပိန်ဂေါက်သီးသမား အယ်ဗာရိုကွီရော့စ်က (၆၇၊၆၈၊ ၆၈၊၇၂)ချက်နဲ့ လေးရက်ပေါင်း (၂၇၅)ချက်ရိုက်ပြီး ရပါတယ်။

No comments:

Post a Comment

back to top