ဗီလာနိုဗာကို ဘာစီလိုနာ အသင်းသားတွေ ဂါဝရပြုတဲ့ သတင်း

ဘာစီလိုနာဥက္ကဌ ဘာတိုမြူ အပါအ၀င် အသင်းဘုတ်အဖွဲ့ဝင်နဲ့ ကစားသမားတွေ အားလုံးဟာ ကွယ်လွန်သွားတဲ့ နည်းပြဟောင်း တီတိုဗီလာနိုဗာကို ရည်စူးပြီး နူးကမ့်ကွင်းက သူ့ပုံအရှေ့မှာ စနေနေ့က တစ်မိနစ်ငြိမ်သက် ဂါဝရပြုကြပါတယ်။ ဒီလိုဂါဝရပြုရာမှာ ပူယိုးလ်၊ ဇာဗီ၊ ဗဲလ်ဒက်စ်၊ အင်နီယေစတာစတဲ့ စီနီယာကစားသမားတွေအပြင် ပီကေး၊ မက်ဆီ၊ ဖာဘရီဂက်စ်စတဲ့ ကစားသမားတွေလည်း ပါဝင်ပါတယ်။ ဗီလာနိုဗာဟာ ဘာစီလိုနာအ သင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး သူ့ဘ၀အချိန် အများစုကို ဘာစီလိုနာအသင်းမှာ ကုန်ဆုံးခဲ့ပါတယ်။ ဘာစီလိုနာအသင်းက မက်ဆီ၊ ဖာဘရီဂက်စ်နဲ့ ပီကေးတို့ဟာ လူငယ်ကစားသမား ဘ၀တုန်းက ဗီလာနိုဗာ လက်အောက်မှာ ကစားခဲ့ကြသူတွေပါ။ ဘာစီလိုနာဥက္ကဌ ဘာတိုမြူက ’’အရမ်းကို ကြေကွဲရတဲ့ နေ့တစ်နေ့ပါပဲ။ ရှေ့ဆက် ကာလအတော်ကြာအထိ မေ့လို့ရမှာ မဟုတ်တဲ့ ဖြစ်ရပ်ပါ။ ဘာကြောင့်လဲဆိုတော့ ဗီလာနိုဗာဟာ ငယ်စဉ်ကတည်းက ဘာစီလိုနာ လူငယ်အသင်းမှာ ပါဝင်ခဲ့သူပါ။ ဒါ့အပြင် (ခ)အသင်းကိုရော စီနီယာအသင်းကိုပါ နည်းပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ဘာစီလိုနာအသင်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ သူပါဝင်ခဲ့ပါတယ်။ သူ့လိုလူတစ်ယောက်ကို အသက်(၄၅)နှစ် အရွယ်မှာ ဆုံးရှုံးလိုက်ရတယ်ဆိုတော့ အရမ်းကို စိတ်မကောင်း ဖြစ်မိပါတယ်’’လို့ ပြောသွားပါတယ်။
No comments:
Post a Comment