အီးတီးဟဒ်ကွင်းကို နှစ်ပိုင်းခွဲ၍ တိုးချဲ့ တည်ဆောက်သွားမည်
မန်ချက်စတာစီးတီး အသင်း၏ အိမ်ကွင်း အီးတီးဟဒ်ကွင်း
တိုးချဲ့တည်ဆောက်မှုကို နှစ်ပိုင်းခွဲ၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်ခုံ ၄၇၆၇၀ မှ ၆၂၁၇၀ သို့ တိုးချဲ့တည်ဆောက်မှု လုပ်ငန်းကို စတင်တော့မည်
ဖြစ်သော်လည်း တောင်ဘက် ပွဲကြည့်စင်ကို ပထမဆုံး တိုးချဲ့သွားမည်ဖြစ်ပြီး
ထိုင်ခုံ ၅၄၀၀၀ဆန့် အားကစားကွင်းအဖြစ် ၂၀၁၅-၁၆ဘောလုံးရာသီ မစတင်ခင်
နောက်ဆုံးထား၍ တည်ဆောက်သွားမည် ဖြစ်သည်။ ထို့နောက် မြောက်ဘက်
ပွဲကြည့်စင်ကို စတင် တည်ဆောက်သွားမည် ဖြစ်သည်။ အသင်း၏ ကြော်ငြာဒါရိုက်တာ
အကြီးအကဲ တွမ်ဂလစ်က “အီးတီးဟဒ်ကွင်း တိုးချဲ့တည်ဆောက်မှုဟာ
မန်စီးတီးအသင်းအတွက် ကြီးကြီးမားမားကို အရေးပါတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
ဒီသမိုင်းဝင် စီမံကိန်းကြီးကို ကျွန်တော်တို့ စတင်လုပ်မယ့်အချိန်မှာ Laing
O`Rourke ကုမ္ပဏီနဲ့ စီးပွားဖက်တွေအဖြစ် ကြေညာခွင့်ရတာ
အရမ်းဝမ်းသာလှပါတယ်”ဟု ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ယင်းစီမံကိန်းကို
နိုင်ငံတကာ ဆောက်လုပ်ရေး ကုမ္ပဏီ Laing O`Rourke က ဆောက်လုပ်သွားမည်
ဖြစ်ကြောင်း ကြေညာခဲ့သည်။
No comments:
Post a Comment