Wednesday, April 2, 2014

မန်ယူ အသင်းနည်းပြ ရာထူးအတွက် ကမ်းလှမ်း ခံခဲ့ရဖွယ် ရှိသည်ဟု ဂွါဒီယိုလာဆို

 

ဘိုင်ယန်မြူးနစ် အသင်းနည်းပြ ဂွါဒီယိုလာက ၎င်းသည် မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ရာထူးအတွက် ကမ်းလှမ်း ခံခဲ့ရနိုင်ကြောင်း နောက်ပြောင် ပြောကြားခဲ့သည်ဟု သိရသည်။ ပြီးခဲ့သောနှစ်တွင် ဘာစီလိုနာအသင်း နည်းပြဟောင်း ဂွါဒီယိုလာက အင်္ဂလန်အသင်း တစ်သင်းသင်းကို ကိုင်တွယ်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။ အသက်၄၃နှစ် အရွယ်ရှိ စပိန်လူမျိုး နည်းပြဂွါဒီယိုလာသည် ပြီးခဲ့သောနွေရာသီတွင် ဘိုင်ယန်အသင်းကို ကိုင်တွယ်ခဲ့သော်လည်း မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က မန်ယူအသင်းတွင် ၎င်း၏နေရာကို ဆက်ခံရန် အခွင့်အရေး ကမ်းလှမ်းခဲ့ဖွယ် ရှိသည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော် ကမ်းလှမ်းခံခဲ့ရလား၊ ကမ်းလှမ်း မခံခဲ့ရဘူးလား ဆိုတာကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ သူက ကျွန်တော့်ကို အထူးစားသောက်ဆိုင်တစ်ဆိုင် ဖိတ်ခဲ့ပါတယ်။ အဲဒါက ရင်းရင်းနှီးနှီး စားသောက်ခဲ့ရတဲ့ ညစာစားပွဲပါပဲ။ သူက ကျွန်တော်နဲ့ အမြဲတမ်း အတူတူ ရှိနေခဲ့သလိုပါပဲ။ သူက အရမ်းသိမ်မွေ့ပြီး ကျွန်တော်တို့ အတူတကွ အချိန်ကုန်လွန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့် အင်္ဂလိပ်စာ စွမ်းရည်က မကောင်းလှတာကြောင့် ဆာအဲလက်စ်က စကားမြန်မြန် ပြောလိုက်ရင် ကျွန်တော် နားမလည်ခဲ့ပါဘူး”ဟု ဂွါဒီယိုလာက နောက်ပြောင် ပြောဆိုခဲ့သည်။

No comments:

Post a Comment

back to top