Saturn ဂြိုဟ်၏ လများ၏ အောက်ခြေတွင် သမုဒ္ဒရာ ဖြစ်နိုင်သည့် လက္ခဏာများ တွေ့ရှိ
စေတန်ဂြိုဟ်၏ သေးငယ်သော လကမ္ဘာ တစ်ခုပေါ်၌ မြောက်အမေရိက တိုက်ရှိ အကြီးဆုံး ရေအိုင်ကြီး တစ်ခုဖြစ်သည့်Lake Superior သာသာလောက် ရှိသော သမုဒ္ဒရာ တစ်ခုသည် ထူထဲလှသည့်
ရေခဲလွှာအောက်တွင် တည်ရှိနေကြောင်း NASA's Cassini spacecraft မှ
ပေးပို့သည့် သတင်း အချက်အလက် အသစ်များအရ သိရှိရပါသည်။ သိပ္ပံဂျာနယ်တွင်
ဖော်ပြထားသည့် အချက် အလက်များအရ စေတန်ဂြိုဟ်၏ လကမ္ဘာပေါ်တွင် ရေရှိကြောင်း
သိရှိရပါသည်။
ဆိုလိုသည်မှာ စေတန်ဂြိုဟ်၏ ခြောက်ခုမြောက် အကြီးဆုံးဖြစ်သည့်
လကမ္ဘာပေါ်တွင် အသက်ရှ င် နေထိုင်နိုင်ကြောင်းပင် ဖြစ်သည်။ ထို့ပြင်
စေတန်ဂြိုဟ်၏ လပတ်လမ်း အတွင်းရှိ လများအနက် တစ်ခုဖြစ်သည့် Enceladus
တွင်လည်း ရေများရှိသည့် သမုဒ္ဒရာ တစ်ခုရှိနိုင်သည်။ အခြားသော လများဖြစ်သည့်
Titan ၊ Europa ၊ Callisto ၊ Ganymede တို့တွင်လည်း ရေခဲလွှာ
မျက်နှာပြင်အောက်၌ သမုဒ္ဒရာများ ရှိနိုင်ကြောင်း သိရှိရပါသည်။ နေကမ္ဘာ
အဖွဲ့အစည်း၏ အပြင်ဘက်တွင် အသက်ရှင်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်ရှိသည့်
နေရာအဖြစ် သွားလိုပါက ပထမဦးဆုံး အနေဖြင့် Europa နှင့် Enceladus သို့
သွားသင့်ကြောင်း Cornell University ၏ လေ့လာရေး ဆိုင်ရာ တွဲဘက်ရေးသားသူ
စာရေးဆရာ Jonathan Lunine က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
No comments:
Post a Comment