ရုရှားနိုင်ငံရဲ့ ဓါတ်ငွေ့ဈေးနှုန်းတက်မှုကို ငြင်းဆန်ပယ်ချလိုက်တဲ့ ယူကရိန်း နိုင်ငံ
ယူကရိန်းအစိုးရဟာ နိုင်ငံတွင်းကို ထောက်ပံ့ပေး နေတဲ့ ဓါတ်ငွေ့ဈေးနှုန်းကို
နှစ်ဆင်မြင့်တက်လိုက်တဲ့ ရုရှားနိုင်ငံရဲ့ လုပ်ရပ်ကိုပယ်ချကန့်ကွက်
လိုက်တယ်လို့သိရပါတယ်။ယူကရိန်း အိမ်စောင့်အစိုးရ၀န်ကြီးချုပ် အာဆနီယန်ဆန်ယွတ်ကတော့
ဓါတ်ငွေ့ဈေးနှုန်း တက်လိုက်တဲ့ မော်စကိုရဲ့ လုပ်ရပ်ဟာ စီးပွားရေးအရ
ကျူးကျော်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ယူကရိန်းစွမ်းအင်ဌာန
ဝန်ကြီးကတော့ ဓါတ်ငွေ့ဈေးနှုန်းကို ညှိဖို့ကြိုးစား မှာဖြစ်ပြီး
ညှိနှိုင်းလို့ အဆင်မပြေဘူးဆိုပါက ရုရှားကိုပြန်လည် ထောက်ပံ့ တဲ့
ပစ္စည်းတွေကို ဖြတ်တောက်ပစ်မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ရုရှားနိုင်ငံပိုင် " ဂတ်စ်ပရွန် " ကုမ္ပဏီဟာ ယူကရိန်းနိုင်ငံကို
ယခင်တင်ပို့နေတဲ့ တစ်ထောက်ကုဗ စင်တီမီတာကို အမေရိကန်ဒေါ်လာ (၂၆၈)ဒေါ်လာအစား
(၄၈၅)ဒေါ်လာအထိ ဈေးနှုန်း တက်လိုက်တာ ဖြစ်ပါတယ်။ ယူကရိန်းဝန်ကြီး ချုပ်ကတော့
ရုရှားနိုင်ငံဟာ ဥရောပမှာ အမြင့်ဆုံးဖြစ်တဲ့ ဈေးနှုန်းကို
တောင်းနေတာဖြစ်ပြီး ယူကရိန်းနိုင်ငံကတော့ ယခင် ပေးနေကျဈေနှုန်းနဲ့ပဲ
ဓါတ်ငွေ့ဆက်တက်သွားဖို့ ရှိနေတယ်လို့ ပြောကြားထားပါတယ်။ ဒီဈေးနှုန်းဟာ
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရာထူးဖြုတ်ချခံယူကရိန်း သမ္မတဟောင်း
ယာနျူကိုဗစ်တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သဘာတူခဲ့တဲ့ ဓါတ်ငွေ့ဈေးနှုန်း
လျှော့ပေးရေး သဘောတူညီချက်အပြီးမှာ စံချိန်တင်မြင့်တက် လာတဲ့ ဈေးနှုန်းလည်း
ဖြစ်ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူတွေတော့ ရုရှားနိုင်ငံဟာ သူနှစ်သက်တဲ့ ယူကရိန်း
သမ္မတ ရာထူးကနေ ဖြုတ်ချခံရတာနဲ့ အသစ်တက်လာတဲ့ အိမ်စောင့်အစိုးရကို
ဖိအားပေးလိုတာကြောင့် အခုလို ဈေးနှုန်း တက်လာတာဖြစ်တယ်လို့
ခန့်မှန်းထားပါတယ်။ ရုရှားနိုင်ငံကတော့ အခုလိုဈေးနှုန်း တက်ရတာဟာ
ယူကရိန်းနိုင်ငံ ဓါတ်ငွေ့ဖိုးအကြွေးတွေ ပေးချေဖို့ ကျန်နေတာကြောင့်
ဖြစ် တယ်လို့ ပြောပထားပါတယ်။ ရုရှားနိုင်ငံက တင်ပို့တဲ့ ဓါတ်ငွေ့ဟာ
ယူကရိန်းနိုင်ငံ ကနေတစ်ဆင့် ဥရောပကို ပြန်လည်တင်ပို့တာ ဖြစ်တာကြောင့်
ဓါတ်ငွေ့ဈေးနှုန်းမြင့်တက်မှုဟာ ဥရောပတစ်ခွင်ကိုလည်း ရိုက်ခတ်နိုင်တယ်လို့
သိရပါသည်။
No comments:
Post a Comment