Monday, April 28, 2014

စတုဂတ်အိုးပင်း ဆီမီးအဆင့်သို့ ရှာရာပိုဗာ တက်ရောက်








ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင် ဧပြီလ ၂၁ ရက်နေ့မှ စတင်၍ ကျင်းပလျက် ရှိသည့် WTA အမျိုးသမီး တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွင် နာမည်ကြီး တင်းနစ်မယ် မာရီယာရှာရာပိုဗာက ပြိုင်ဘက် တင်းနစ်မယ် အက်ဂ်နီးဇ်စကာ ရက်ဒ်ဝန်စကာအား အနိုင်ရရှိကာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက် သွားခဲ့သည်။ပြိုင်ပွဲ၏ ဦးစားပေးအဆင့် သတ်မှတ်ရေးဆွဲမှုအရ ကမောက်ကမ ဖြစ်ခဲ့ရသော ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပြီး နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသော ရက်ဒ်ဝန်စကာအား နိုင်ခြေအဆင့်(၆) ရှာရာပိုဗာက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် အတွေ့အကြုံနှင့် လက်စွမ်း သာလွန်ခဲ့သည့် ရှာရာပိုဗာသည် ယခုနှစ်ပိုင်း အတွင်းမှ ကမ္ဘာ့အဆင့်(၁၀)အတွင်း ၀င်ရောက် လာနိုင်ခဲ့သည့် ရက်ဒ်ဝန်စကာအား ပွဲငယ်ရလဒ် (၆-၄) (၆-၃) ဖြင့် အနိုင်ရယူ သွားနိုင်ခဲ့သည်။ယခုကဲ့သို့ ဆီမီးအဆင့်သို့ တက်ရောက် နိုင်ခဲ့ပြီးနောက် ရှာရာပိုဗာသည် လာမည့် ပွဲစဉ်တွင် တစ်ဖက်မှ ယှဉ်ပြိုင် တက်ရောက်လာမည့် အတွဲဖြစ်သည့် ကာလာဆွာရက်ဇ်နာဗာရိုနှင့် ဆာရာအီရာနီတို့အနက်မှ တစ်ဦးနှင့် တွေ့ဆုံရမည် ဖြစ်သည်။ ပြိုင်ပွဲ၏ လက်ရှိ ချန်ပီယံလည်းဖြစ်သူ ရှာရာပိုဗာသည် ယခုကဲ့သို့ နိုင်ခြေအဆင့်(၁) တင်းနစ်မယ်အား ဖြုတ်ချနိုင်ခဲ့ပြီးနောက် ၎င်း၏ ၂၀၁၃ခုနှစ် ချန်ပီယံဘွဲ့အား ဆက်လက် ထိန်းသိမ်းနိုင်ရန် အခြေအနေကောင်းလျက် ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment

back to top