Monday, April 28, 2014

Let's Go အစီအစဉ်ကနေ အံ့သြစရာကောင်းတဲ့ မြန်မာ့သမိုင်းကို သိခဲ့ရသူ မိစန္ဒီ

 







ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးပြီး ADMA Media က စီစဉ်တဲ့ Let's Go Program အစီအစဉ်မှာ ပါဝင်ဖြစ်တာနဲ့ ပတ်သက်ပြီး မိစန္ဒီက " မိစန္ဒီက ပုဂံနဲ့နေပြည်တော် အစီအ စဉ်မှာ ပါဝင်ဖြစ် တာပါ။

ပါဝင်ဖြစ် တာက ကိုဝင်းလွင်ထက်တို့က ဆက်သွယ်လာလို့ပါဖြစ် သွားတာပါ။ မိစန္ဒီတို့ ခရီးတွေလျှောက် သွား နေတာကို နောက် ကနေ Reality ပုံစံမျိုးရိုက်တာပါ။ ပုဂံနဲ့ ပတ်သက်တဲ့သမိုင်းတွေ၊ ဘုရားနဲ့ ပတ်သက်
တဲ့ သမိုင်းတွေကို အများကြီး လေ့လာခဲ့ ရတယ်။ သမိုင်းတွေကို ပရိသတ် ကို ပြန်ပြော ပြရတာ ဆိုတော့ သေသေချာချာလေး လေ့လာရတယ်။

အံ့သြစရာကောင်း လောက်တဲ့ သမိုင်းတွေကို မယုံနိုင်လောက်အောင် သိခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် အကျိုး တော့ရှိပါတယ်။ ရိုက်ကူးရေး အတွက်သွားတယ်။ လေ့လာသလိုမျိုးလည်းဖြစ်တယ်။ ပရိသတ်တွေ ကိုလည်း ပြန်ပြောပြရတယ် ဆိုတော့ ပျော်လည်းပျော်ရတယ်။ အတွေ့အကြုံလည်းရတယ်။ ပင်လည်း ပင်ပန်းပါတယ်" လို့ ပြောပါတယ်။
ခရီးသွား ပရိုဂရမ်တွေကို ပထမဆုံး အကြိမ်ရိုက်ဖူးတဲ့ မိစန္ဒီက Let's Go ရဲ့ နောက်ထပ် အစီအစဉ်တွေမှာ ပါဝင်ဖို့ မသေချာကြောင်း ပြောပါတယ်။ မတ်လ ၁၆ ရက်နေ့က ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ 7 Lady Show မှာ အကောင်းဆုံးဖျော်ဖြေခဲ့တဲ့ မိစန္ဒီက သူဖျော်ဖြေခဲ့တဲ့ သီချင်းတွေနဲ့ပတ်သက်ပြီး " မိစန္ဒီတို့ သီချင်းတွေ တိုက်ကြတယ်။

အဝတ်အစား ပိုင်းရော၊ သီချင်းပိုင်းရော၊ဖျော်ဖြေပွဲအတွက် အကောင်းဆုံးပြင် ဆင်ခဲ့ကြတယ်။ သူများနိုင်ငံမှာ ဖျော်ဖြေရတာဖြစ်တဲ့အတွက် ကိုယ်သွား တဲ့အခါမှာ အကောင်းဆုံးဖြစ်နိုင်အောင်၊ ပရိသတ်ကို အားပါး တရ ဖျော်ဖြေနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ မိစန္ဒီ မိုနိုပိုလီထဲက သီချင်း တွေ အများဆုံးဖျော်ဖြေခဲ့ ပါတယ်" လို့ ပြောပါတယ်။

Hello Music Thingyan အခွေမှာ ရတနာမိုင်နဲ့ ဆိုထားတဲ့ " မျက် ခွက်ပြောင်သလားကွာ" သီချင်းနဲ့ မာစတာသင်္ကြန် အခွေမှာ နိုင်ဝမ်းနဲ့ ဆို ထားတဲ့ " နှစ်သစ်ကူးတော့မယ်" ဆိုတဲ့ မိစန္ဒီရဲ့ သင်္ကြန်သီချင်း ၂ ပုဒ်ကလည်း လူငယ် ပရိသတ်ကြားမှာ ရေပန်းစားလျက်ရှိပြီး မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်ကြီးမှာ မိစန္ဒီကမန္တလေးမြို့တော်ဝန် မဏ္ဍပ်မှာ သီချင်းဆိုရင်း ဖြတ်သန်း ခဲ့ပါတယ်။မကြာမီက ပြီးစီးခဲ့ပြီး နိုင်ငံတော် အတွက် အရေးပါတဲ့ ပြည်လုံးကျွတ်သန်း ခေါင်စာရင်း လှုံ့ဆော်ရေးတေး "စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်" မှာ အနုပညာရှင် တစ်ယောက်အနေနဲ့ ပါဝင်သီဆိုခဲ့တဲ့ မိစန္ဒီက " မိစန္ဒီတို့က လှုံ့ဆော်ပေး ရတာပေါ့။

နိုင်ငံတော်ကြီး တစ်ခုလုံ အတွက် တအားအရေးကြီး ပါတယ်။ အဲဒီအတွက် ဒီပြည်လုံး ကျွန်သန်းခေါင်စာရင်း လှုံ့ဆော်ရေးမှာ မိစန္ဒီတို့ အနုပညာရှင်တွေက တစ်ဖက်တစ် လမ်းက ပါဝင်ဖြစ်ခဲ့တာပါ" လို့ ပြောပါတယ်။

No comments:

Post a Comment

back to top