Monday, April 28, 2014

ရှမစ်ဒ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည့် လေဗာကူဆင်







လေဗာကူဆင် အသင်းသည် ပြီးခဲ့သော သီတင်းပတ်က ထုတ်ပယ်ခဲ့သည့် နည်းပြပာစ်ပီယာ၏ နေရာတွင် ရက်ဘူးလ်ဆဲလ်ဘတ်အသင်း၏ နည်းပြ ရိုဂျာရှမစ်ဒ်ကို နည်းပြသစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ အသက်(၄၇) အရွယ်ရှိ ရှမစ်ဒ်သည် လေဗာကူဆင်အသင်းနှင့် (၂)နှစ်စာချုပ်ဖြင့် စာချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီး အသင်းကို လာမည့်ရာသီ ဇွန်လတွင် စတင်တာဝန်ယူ ကိုင်တွယ်မည် ဖြစ်သည်။ သတင်းများ၏ ဖော်ပြချက်အရ လေဗာကူဆင် အသင်းသည် ရှမစ်ဒ်ကို နည်းပြသစ်အဖြစ် သဘောတူညီမှု မရယူနိုင်မီ ပြီးခဲ့သည့် ရက်ပိုင်းက မန်ယူအသင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့် နည်းပြဒေးဗစ်မိုယက်စ်ကိုလည်း ခန့်အပ်ရန် လျာထားခဲ့ကြောင်း သိရသည်။ လေဗာကူဆင် အသင်းသည် အသင်း၏ နည်းပြပောာင်းဖြစ်သူ လီဗာပူးအသင်း နောက်ခံလူပောာင်း ပာစ်ပီယာကို ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၁၂)ပွဲတွင် (၁)ပွဲသာ အနိုင်ရရှိခဲ့သောကြောင့် နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ခြင်းလည်း ဖြစ်သည်။ နည်းပြသစ် ဖြစ်လာမည့် ရှမစ်ဒ်သည် ယခုနှစ်ရာသီ ဆဲလ်ဘတ်အသင်းနှင့်အတူ သြစတြီးယား အမှတ်ပေး ချန်ပီယံဆုကို ရာသီမကုန်မီ (၈)ပွဲအလိုကတည်းက ဆွတ်ခူးရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို ယူရိုပါလိဂ် ပြိုင်ပွဲတွင်လည်း (၁၆)သင်းရှုံးထွက် အဆင့်သို့ တက်ရောက်နိုင်အောင် စွမ်းဆောင် ပေးခဲ့သည့် နည်းပြတစ်ဦးလည်း ဖြစ်သည်။ ဂျာမန်လူမျိုးနည်းပြ ရှမစ်ဒ်သည် ရက်ဘူးလ်ဆဲလ်ဘတ်အသင်းကို ၂၀၁၂ ခုနှစ်မှ စတင်တာဝန်ယူ ခဲ့သူလည်း ဖြစ်သလို နည်းပြလောကသို့ ၂၀၀၄ ခုနှစ်တွင် စတင်ဝင်ရောက် လာခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် ရှမစ်ဒ်သည် ကစားသမား ဘ၀ကလည်း ကွင်းလယ်တွင် ကစားခဲ့သူ ဖြစ်သည်။

No comments:

Post a Comment

back to top