ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး Mr. Tetsuo Gyotoku, President, Japan bE
laboratory နှင့်အဖွဲ့အား တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး Mr. Tetsuo Gyotoku, President, Japan BE Laboratory နှင့် အဖွဲ့အား တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား Mr. ဦးဌေးဦး Mr. Tetsuo Gyotoku, President, Japan BE Laboratory နှင့် အဖွဲ့ဝင် ၄၃ ဦးပါ အဖွဲ့သည် ဧပြီလ (၄) ရက် မွန်းတည့် ၁၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး Mr. Tetsuo Gyotoku, President, Japan BE Laboratory နှင့်အတူ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များကို ခင်မင် ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက Mr. Tetsuo Gyotoku, President, Japan BE Laboratory အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။
No comments:
Post a Comment