ငြိမ်းချမ်းရေးမရလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်မဟုတ် တိုက်ပွဲမဖြစ်ကြပါနဲ့ဆိုသည့်
ပြည်သူလူထုအသံ လိုအပ်
''ဒီမိုကရေစီဖော် ဆောင်တဲ့ နေရာမှာငြိမ်းချမ်းမှုမရှိလျှင်၊ တရား ဥပဒေစိုးမိုးမှု မရှိလျှင် မိမိတို့လိုချင်တဲ့ အေးချမ်းသာယာဖြွံ့ဖိုးတဲ့နိုင်ငံတစ်ခု ဖြစ်လာမှာ မဟုတ်ဘူး။ ကရင်ပြည်နယ် ငြိမ်းချမ်း သာယာမယ်၊ ဖွံ့ဖိုးတိုးတက်မယ် ဆိုရင် ပြည်ထောင်စုကြီးလဲ ငြိမ်းချမ်းသာယာမယ်၊ ဖွံ့ဖြိုးတိုးတက်မယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလိုချင်တဲ့ ငြိမ်းချမ်းရေးရဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေ မှာပင် တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူများလဲပါဝင်ဖို့လိုတယ်။ တိုက်ပွဲတွေ မဖြစ်ကြပါနဲ့ဆိုတဲ့ ပြည်သူတွေရဲ့အသံတွေ လိုတယ်''ဟု ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားသည်။
''ကျွန်တော်ကတော့ မတိုက်ချင်ဘူး။ ရှေ့တန်းကို သွားချင်သလားမေးရင် မသွားချင်ဘူး။ ဘာကြောင့်မသွားချင်တာလဲလို့မေးရင် တိုက်ပွဲဖြစ်ပြီဆိုရင် အင်မတန်မှ ဒုက္ခတွေများတယ်၊ တစ်ဖက်တည်း မဟုတ်ဘူး။ နှစ်ဖက်စလုံး ဒီလိုကိစ္စတွေ ပြီးသွားစေချင်တယ်'' ဟု ပြည်ထောင်စု လွှတ်တော်နာယက ကဆိုသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက ''ဖက်ဒရယ်ဒီမိုကရေစီ လို့ ပြောဆိုတာတွေ ရှိပါတယ်။ အရင်က ဖက်ဒရယ်ကို ခွဲထွက်ရေးဆိုပြီး သတ်မှတ်ခဲ့တယ်။ ယုံတဲ့သူတွေလဲ ယုံကြည် ခဲ့တယ်။ တကယ်တော့ ပင်လုံ စာချုပ်မှာပါတဲ့ ၁ဝ နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိတယ်။ အဲဒါကြောင့် ဖြစ်တာ။ ဖက်ဒရယ်စနစ်ကြောင့်မဟုတ်ဘူး။ ဖက်ဒရယ်ဆိုတာ ပူးပေါင်းခြင်းဖြစ်တယ်။ အမေရိကန် နိုင်ငံ၊ ဂျာမနီနိုင်ငံတွေမှာ ဖက်ဒရယ်စနစ် ကျင့်သုံးတယ်။ ဒီနိုင်ငံတွေ ဘယ်လိုဖွံ့ဖြိုးတယ်။ မြန်မာနိုင်ငံဟာလဲ ဗဟိုဦးစီးချုပ်ကိုင်မှုကို ကျင့်သုံးတယ်။ အခုတော့ မဟုတ်ဘူး။ အရင်က အပေါ်ကနေ အောက်ကို သွားတယ်။ အခု အောက်က လိုအပ်တဲ့ဟာတွေကို အပေါ်က လုပ်ဆောင် ပေးတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပိုင်းမှာ ထပ်ပေးဖို့လိုတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထပ်ပေးဖို့လို တယ်။ ဒါဆိုရင် တန်းတူညီမျှမှုရှိမယ်။ သို့သော် ဗဟိုနဲ့သော်လည်းကောင်း၊ အချင်းချင်းသော် လည်းကောင်း အပြန် အလှန်ထိန်းကျောင်းရမယ်။ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေက ဥပဒေပြ ဋ္ဌာန်းမှုတစ်ခုနဲ့တစ်ခု တူမှာမဟုတ်ဘူး။ ဒါပေမယ့် ဗဟိုက ပြဋ္ဌာန်းတဲ့ ဥပဒေတွေကတော့ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အပေါ်မှာ လွှမ်းမိုး မှုတော့ရှိမှာပဲ။ အချုပ်အခြာအာဏာက ပြည်သူက ဆင်းသက်လာတာ။ ဒါကြောင့် ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ပစ်မထားကြပါနဲ့''ဟု ဆွေးနွေး ပြောကြား သည်။
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဧပြီ (၂၆) ရက်က ကျင်းပ သည့် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ပြည်သူလူထု၏ တင်ပြချက် အပေါ် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့်ဇနီး ဒေါ်ခင်လေးသက်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ကရင်ပြည် နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများ၊ အထောက်အကူပြုကော်မတီများ၊ ဒေသခံပြည် သူလူထုတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment